spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခွဲစိတ်ကုသမှုအတွက် အကူအညီလိုအပ်နေတဲ့ မအဲလစ်ဝင်း (သို့) မောင်အောင်လင်းနိုင်ရဲ့ ဘဝ

Author

Date

Category

စိုင်းလင်းလင်းဦး

အချိုးအစား ကျနသော မျက်နှာထားပိုင်ဆိုင်ထားကာ လည်ဂုတ်အထိ ရှည်လျားသော ဆံပင်ကို သူ၏ ဘယ်ဖက်မျက်နှာအခြမ်းတွင် ပင့်တင်ထားသည်။ သူသည် အမျိုးသားအဖြစ်ကို ခံယူချင်နေချင်သူတစ်ဦး ဖြစ်သည်။ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်နေ မောင်အောင်လင်းနိုင်၏ ရည်မှန်းချက်သည် ထိုသို့ဖြစ်သည်။ ငယ်စဉ်ခါက မောင်အောင်လင်းနိုင်ကို အမျိုးသမီးအင်္ဂါနှင့် မိန်းမတစ်ယောက်၏ ပုံဏ္ဍာန်အဖြစ်သာ ဖွေးဖွားလာခဲ့သည်။ မိန်းကလေးတစ်ယောက်ကဲ့သို့ပင် သူ့ကို မိသားစုနှင့် လူ့ပတ်ဝန်းကျင်အသိုင်းအဝန်းက သတ်မှတ်ထားကြလေသည်။ သူ့၏ ငယ်နာမည်ကာ မအဲလစ်ဝင်း ပင်ဖြစ်သည်။

နက်နဲထူးခြားဆန်းကျယ်သော လူ့ဘဝ၏ တစ်ဆစ်ချိုးအကွေးကို မအဲလစ်ဝင်ကနေ မောင်အောင်လင်းနိုင် ဖြစ်သွားခဲ့ပြီ။ အဖြစ်က ဤသို့တည်း။ ကျောင်းနေအရွယ် အသက် ရ နှစ်အရွယ်ရောက်လာစဉ်က ဖြစ်သည်။ သူ့၏ မအင်္ဂါအတွင်းမှ ယောကျင်္ားလေ၏ လိင်အင်္ဂါထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ကံကောင်းခြင်းတစ်ခုအဖြစ်သာ သူမှတ်ယူခဲ့လေသည်။

ဖြစ်တည်လာခဲ့သော အဖြစ်သာ လက်ခံကာ မောင်နိုင်လင်းအောင်ဟု ယောကျင်္ားလေးအဖြစ် ၎င်းကို ကင်းပွန်းတပ်ကြလေသည်။ သူ့အနေနှင့်လည်း ကျေကျေနပ်နပ်ကြီး လက်ခံထားခဲ့သည်။ သို့နှင့် မောင်နိုင်လင်းအောင် ယောကျင်္ားလေးတစ်ဦးအဖြစ် ဖြစ်တည်လာခဲ့ပြန်တော့သည်။ ထိုအထိ သူအဆင်ပြေခဲ့သေးသည်။

အသက်အရွယ် ရ နှစ်အကျော်နောက်ပိုင်း အသက် ၁၅ နှစ်အထိ ယောကျင်္ားလေးအဖြစ် အဆင်ပြေခဲ့သည်။ သို့သော် အသက် ၁၆ နှစ်အရောက်တွင် ပြဿနာက စလေတော့သည်။ ယင်းစိန်ခေါ်မှုက ယောကျင်္ားလေးအဖြစ်လည်း မောင်နိုင်လင်းအောင် ခန္ဓာကိုယ်၏ ဟော်မုန်းဓါတ်ကြောင့် ရင်သားများ ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

သို့အတွက် လူသူအကြားတွင် သူဒုက္ခရောက်ပြန်၏။ အပေါင်းအသင်းကြား ခင်မင်ပေါင်းသင်းရန်ပင် သူစိတ်အားငယ်ခဲ့လေသည်။

“အပေါင်းအသင်းနဲ့သွားတာ တွဲလို့မရဘူး ရောလို့မရဘူး။”ဟု မောင်နိုင်လင်းအောင် သူ့၏ အနေအထားကို အသံတိုးတိုးလေးနှင့် ရှင်းပြသည်။

မိမိအပေါင်းအသင်းကြား ၎င်းတို့နှင့် မတူသည့်အတွက် မိမိကိုယ်တိုင်တစ်ဦးတည်းသာ စိတ်အားငယ်ခြင်း၊ ရှက်ကြောက်စိုးရွံ့ခြင်းများကို မကြာခဏဖြစ်ရသည်ဟု သူကဆိုသည်။

သူ၏ အပြင်းပျဆုံးရည်မှန်းချက်မှာ “အဖြစ်ချင်ဆုံးဆန္ဒလား ယောကျင်္ားလေးပါပဲ။” ဟု မောင်နိုင်လင်းနိုင် ပြတ်သားသော အသံနှင့်ဆိုသည်။

အသက် ၁၅ နှစ်အရွယ်နောက်ပိုင်းတွင် ရင်သားများတဖြည်းဖြည်းကြီးထွားလာခြင်းကြောင့် ပတ်ဝန်းကျင်အကြား မျက်နှာငယ်ရကာ ပညာရေးဆုံးခန်းတိုင်အထိ မသင်ယူတော့ဘဲ ၉ တန်းမှာပင် သူကျောင်းမှ နုတ်ထွက်ခဲ့ရရှာသည်။

“သူက ဟိုမရောက် ဒီမရောက်ဆို ရှေ့ဆက်တိုးလို့မရတော့ဘူး။ ယောကျင်္ားလေးသူငယ်ချင်းနဲ့လည်း တွဲလို့မဖြစ် မိန်းကလေးသူငယ်ချင်းနဲ့လည်း တွဲလို့မဖြစ်တော့”ဟု မောင်အောင်လင်းနိုင်နှင့် အမတော်စပ်သူ ဒေါ်စန္ဒာအောင်က မောင်အောင်လင်းနိုင်၏ အခြေအနေကို ရှင်းပြသည်။

သို့နှင့် ယင်းမတိုင်ခင် ဆေးရုံးတွင် ပြသကာ ကျန်းမာရေးအခြေအနေကို ဓါတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သေးကြောင်း ဒေါ်စန္ဒာအောင်က ပြောသည်။ ဆေးစစ်ချက်တွင် မောင်နိုင်လင်းအောင်၌ သားအိမ်မပါရှိခြင်း၊ ယောကျင်္ာလေး ဟော်မုန်းဓါတ်များခြင်းများသာ တွေ့ရသည်ဟု ဆေးစစ်ရာတွင် လိုက်လံကူညီပေးနေသူ သုခဆေးခန်းပိုင်ရှင် ဒေါ်မေပုလဲက ဆိုသည်။

သို့သော် ဆေးစစ်ချက်၌ မောင်အောင်လင်းနိုင်အတွက် အလွန်ပင်အရေးကြီးသော အနေအထားတစ်ခုကို ၎င်းတို့မြင်တွေ့ခဲ့ရတော့သည်။ မ အင်္ဂါမှ ကျား အင်္ဂါအဖြစ်သို့ ပြောင်းလဲလာစဉ်တွင် ကျားအင်္ဂါ၏ တစိတ်တပိုင်းဖြစ်သော ဝှေ့စေ့က ခန္ဓာအတွင်း တဖြည်းဖြည်း ပြန်ရောက်သွားခြင်းဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုဝှေ့စေ့ကပင် ခန္ဓာကိုယ်အတွင်း၌ ကင်ဆာရောဂါပင်ဖြစ်လာနိုင်သည်ဟု လွိုင်ကော်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိဆရာဝန်များက ပြောဆိုကြသည်။

ဤသည်ပင် မောင်အောင်လင်းနိုင်၏ ဘဝအနာဂတ်အတွက် စိတ်ပူပင်စရာဖြစ်စေခဲ့သည်။ ခန္ဓာကိုယ်အတွင်းရောက်ရှိနေသော ထိုဝှေ့စေ့ကို ဖယ်ထုတ်မှသာလျှင် ဖြစ်လာမည့် ရောဂါကို ကြိုတင်ကာကွယ်ရတော့မည်။ ထိုအတွက် ခွဲစိတ်ကုသရန်သာ ဖြစ်တော့သည်။ ကုသစရိတ်က နောက်၌ ကပ်ပါလာပြန်သည်။

ထိုအတွက် မောင်အောင်လင်းနိုင် အရှုံးပေးလိုက်သည်တော့ မဟုတ်ပါ။ ဆေးကုသစရိတ်အတွက် ပိုက်ဆံရှာဖွေရန် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ကာ ဆေးကုရန် ကြိုးစားနေသည်။ သို့သော် ရသည့်လုပ်အားခ နှစ်သိန်းဖြင့် သူအနေဖြင့် စုဆောင်းရာတွင် အချိန်ကြာနေပြီဖြစ်သည်။

ရောဂါကို အချိန်မှီကုသရန် သူ့အနေဖြင့် ဆန္ဒပြင်းပြနေသည်။ သူ့၏ မိသားစုဝင်များကလည်း မောင်နိုင်လင်းအောင်ခံစားနေရသော ရောဂါဝေဒနာကို အမြန်ဆုံး ပျောက်ကင်းစေလိုနေကြသည်။ ညီကိုမောင်နှမမွေးချင်း ၁ဝ ဦးအနက် မောင်အောင်လင်းနိုင်သည် ၈ ယောက်မြောက်ဖြစ်သည်။ သူ၏ မိဘများအနေဖြင့် ကုန်ကျမည့် ငွေကြေးပမာဏများပြားမည်ဖြစ်သောကြောင့် အခက်အခဲဖြစ်နေသည်။

ခွဲစိတ်ကိရိယာလိုအပ်ချက်ကြောင့် လွိုင်ကော်ဆေးရုံတွင် ကုသပေးရန် အခက်အခဲရှိနေသဖြင့် ရန်ကုန်သို့သွားရောက် ဆေးကုသရန်အတွက် ဝိုင်းဝန်းကူညီမှုများလိုအပ်လျှက်ရှိနေသည်ဟု ဒေါ်မေပုလဲက မောင်နိုင်လင်းအောင်အတွက် အကူအညီများပေးနိုင်ရန် ဆန္ဒပြုထားသည်။

မောင်အောင်လင်းနိုင်(အသက်-၁၇)/(အဘ-ဦးအောင်သိန်း)၏ ဆေးကုသစရိတ်အတွက် ကူညီမှုများပေးလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်ပြီး အကူအညီပေးနိုင်ပါသည်။
မောင်နိုင်လင်းအောင်-09778797833
မစန္ဒာအောင်-09978974016
ဒေါ်မေပုလဲ-09973645000

spot_img
spot_img

Recent posts