ခွင့်ပြုချက်မရှိပဲသွားလာနေတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေး

စိုးထိုက်အောင်

ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားကို မြင်တွေ့ရစဉ်။ (ဓါတ်ပုံ – ကယားပြည်နယ်လဝက Facebook)

ကယားပြည်နယ်၊ ဘောလခဲရိုင်၊ ရွာသစ်မြို့အတွင်းသို့ခွင့်ပြုချက်မရှိပဲသွားလာနေတဲ့ တရုတ်နိုင်ငံခြားသားသုံးဦးကို ဥပဒေအရ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ကယားပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူးရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

၎င်းက “ သူတို့က ဝင်လာတာကတော့ တရားဝင် ဝင်လာတာပေါ့ ပတ်စပိုစ့်တွေ၊ ဗီဇာတွေနဲ့ ဒါပေမဲ့နိုင်ငံခြားသားသွားလို့မရတဲ့ နယ်မြေထဲကိုကျော်ပြီးတော့ ရောက်သွားတာပေါ့။” လို့ပြောပါတယ်။

ဘောလခဲမြို့နယ် ရွာသစ်မြို့အတွင်းမှာဖမ်းမိတဲ့ တရုတ်နိုင်ငံခြားသား ၂ ဦး၊ လက်နက်ဥပဒေပုဒ်မ၁၉(စ)ဖြင့် လွိုင်ကော်အကျဉ်းထောင်မှာထောင်ဒဏ်(၁)နှင့် ချမှတ်ခံရပြီးလွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား(၁)ဦး စုစုပေါင်း (၃)ဦးတို့ကို ၂၀၂၀၊ ဧပြီလ ၉ရက်နေ့မှာ ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၉ရက်နေ့က ဘောလခဲခရိုင် ရွာသစ်မြို့မှာရှိတဲ့ Covid-19 စောင့်ကြည့်စစ်ဆေးရေးဂိတ်မှာရှိတဲ့ရဲတွေနဲ့တစ်ခြားတာဝန်ရှိသူတွေက ခွင့်ပြုချက်မဲ့သွားလာနေတဲ့ တရုတ်နိုင်ငံခြားသား(၂)ဦးကိုပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဘောလခဲ တရားရုံးမှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

“ ကျတော်တို့က ကျတော်တို့လ.ဝ.က ဥပဒေအရပြစ်ဒဏ်ခံပြီးတဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ရတယ် ပြည်နှင်တဲ့ အခါကျတော့ ကျတော်တို့ကအခု ကျတော်တို့နိုင်ငံခြားသားဆိုရင် ဘာအမှုနဲ့ပဲကျကျ လ.ဝ.က ကနေဘဲပြည်နှင်ပေးရတာပါ။”လို့ ၎င်းက ဆက်ရှင်းပြပါတယ်။

ကယားပြည်နယ်အတွင်း နိုင်ငံခြားသားတွေရဲ့သွားလာခွင့်ကို ရှားတောမြို့ကလွှဲပြီး ကျန်တဲ့မြို့ပေါ်တွေတော့ သွားလာခွင့် ပြုထားပေမယ့်လို့ ကျေးရွာတွေကတော့ ကန့်သတ်ထားပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းဆိုလျှင် မြို့ပေါ်နှင့် ခရီးသွားလုပ်ငန်းသတ်မှတ်ထားတဲ့နေရာတချို့၊ ဖရူဆိုမြို့နယ်ဆိုလျှင် မြို့ပေါ်နှင့် ထေခိုရွာ၊ ဖားဆောင်း၊ ဘောလခဲ၊ မဲစယ်မြို့နယ်တွေကတော့ မြို့ပေါ်တွေသာ သွားလာခွင့်ရှိတယ်လို့သိရပါတယ်။

Comments

comments

Next Post

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦးထပ်မံ တွေ့ရှိ၊ ယနေ့တစ်နေ့တည်း ၅ ဦးတွေ့

Fri Apr 10 , 2020
ကန္တာရဝတီတိုင်း(မ်)ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ ည ၁၀း၁၅ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၁ ဦး ထမ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ တစ်ဦး ထပ်မံတွေ့ရှိခဲ့ရသည့်အတွက် ယနေ့ ဧပြီလ ၁၀ ရက်နေ့ တစ်ရက်တည်းတွင် ရောဂါပိုး တွေ့ရှိသူ (၅) ဦးအထိ ရှိခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၈) ဦးအထိ ရှိလာပြီ […]