spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခွေးဂေဟာ တည်ဆောက်ရေးရုတ်သိမ်းလိုက်ပေမယ့်လည်း ငွေပြန်လည်မရရှိသေး

Author

Date

Category

အန်ထော်နီ

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ လွိုင်ကော်မြို့နယ်အတွင်း ခွေးဂေဟာ တည်ဆောက်ရေးစီမံကိန်း ကန့်ကွက်ခံရတဲ့အတွက် ချပေးခဲ့တဲ့ ဘတ်ဂျက်ငွေတွေကို သက်ဆိုင်ရာ ကုမ္မဏီကနေပြီး ပြန်အပ်ဖို့ ကျန်ရှိနေပါသေးတယ်လို့ ပြည်နယ်စာရင်းစစ်ချုပ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ချမှတ်ပေးထားတဲ့ ဘတ်ဂျက်ငွေဖြင့် တည်ဆောက်ဖို့လိုအပ်တဲ့ ပစ္စည်းတွေတစ်ချို့ဝယ်ယူထားခဲ့ပြီးနောက်မှာ ဒေသခံတွေက ကန့်ကွက်မှုတွေထွက်ပေါ်လာတဲ့အတွက် စီမံကိန်းကို ပြန်လည်ရုတ်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

ခွေးဂေဟာတည်ဆောက်ဖို့လျာထားခဲ့တဲ့ မြေနေရာကို မြင်တွေ့ရစဉ်။ ဓါတ်ပုံ-အန်ထောနီ

“ နောက်ပြီးတော့ စောဌေးမြင့်ကုမ္ပဏီရှိသေးတယ်။ စောဌေးမြင့်က ခွေးဂေဟာဆောက်ဖို့အတွက်ဆိုပြီးတော့ ပြည်သူတွေကကန့်ကွက်တဲ့အတွက်ကြောင့် မဆောက်ဖြစ်တော့ဘူး။ မဆောက်ဖြစ်တော့ သူ့ကိုပေးထားတဲ့ငွေတွေကနေပြီးတော့ ပစ္စည်းတစ်ချို့ဝယ်တယ်။ အဲ့ပစ္စည်းတွေကိုတော့ အစိုးရပြန်လက်ခံလိုတယ်။ လက်ခံပြီးတော့ မဝယ်ပဲနဲ့သူ့ဆီမှာပါသွားတဲ့ငွေက (၅၁.၄၃၅) သန်း။ အဲ့တာက အဲ့ကုမ္ပဏီမှာကျန်သွားတယ်ပေါနော်။” လို့ ပြည်နယ်စရင်းစစ်ချုပ် ဦးအောင်မောင်း ကပြောပါတယ်။

ပြည်နယ် စာရင်းစစ်ချုပ်ကနေပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆)လအစီရင်ခံစာတွေ့ရှိချက်ထဲမှာ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် စောဌေးမြင့် ကုမ္မဏီမှ တင်ဒါအောင်မြင်ခဲ့တဲ့ ခွေးလေခွေလွင့်ဂေဟာ တည်ဆောက်ဖို့ကိစ္စကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝေါရီလ အတွင်းက ပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်မှာလည်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ထိုကျန်ရှိနေတဲ့ ငွေတွေကို အကြိမ်ကြိမ်သတိပေးပြီး ပြန်လည်ပေးအပ်ရန်ပြောဆိုခဲ့ရာ ၂၀၂၀ ခုနှစ် ဧပြီလတွင်လာရောက်ပေးသွင်းမည်ဟု စေားဌေးမြင့်ကုမ္ပဏီက ဝန်ခံကတိတင်ခဲ့ပေမယ့် ယခုအချိန်အထိပြန်လည်ပေးသွင်းခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

ခွေးဂေဟာတည်ဆောက်ဖို့ ချမှတ်ပေးထားတဲ့ ဘတ်ဂျက်ငွေတွေကို တင်ဒါအောင်မြင်ခဲ့တဲ့ စေားဌေးမြင့်ကုမ္ပဏီအနေဖြင့် ယနေ့အချိန်ထိ ပြန်လည်ပေးသွင်းခြင်းမရှိသေးပဲ သက်ဆိုင်ရင်ဌာနတွေကနေ လိုက်လံစုံစမ်းပြီး တရားစွဲသွားဖို့ရှိတယ်လို့ သိရပါတယ်။

“ အခုက တရားစွဲဖို့ပဲ အကြိမ်ကြိမ်ကျနော်တို့သွင်းဖို့ပြောပြီးပြီ၊ ပြောတာကိုကုမ္ပဏီကမသွင်းနိုင်ဘူးဖြစ်နေတယ်။ မသွင်းနိုင်တော့ ကျနော်တို့ကတော့ ဥပဒေလမ်းကြောင်းအရပဲ တရားစွဲပြီးပြန်တောင်းဖို့ ဆောင်ရွက်ထားပါတယ်” လို့ ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ ညွန်ကြားရေးမှုုူး ဦးကျော်သူ ကပြောပါတယ်။

ယခုလက်ရှိအချိန်မှာတော့ တရားစွဲဖို့ပြင်ဆင်နေပြီး တရားရုံးကိုလည်းလျှောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ထိုခွေးဂေဟာ တည်ဆောက်ဖို့ကို ၂၀၁၇-၁၈ ခုနှစ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကနေ ခွေးအလေအလွင့် ပေါများခြင်းကို တားဆီးဖို့နှင့် ခွေးရူးရေားဂါမှ ကြိုတင်ကာကွယ်ဖို့အတွက်စပ်လျင်းပြီးမေးခွန်းတွေ မေးမြန်းဖို့ အစိုးရမှခွင့်ပြုခဲ့ပြီး ဆောက်လုပ်ရန်ပြင်ဆင်ခဲ့ကြတယ်လို့သိရပါတယ်။
ကယားပြန်နယ်ထဲမှာ ခွေးဂေဟာထက်အရေးကြီးတဲ လိုအပ်ချက်တွေ ရှိနေတာကြောင့် ခွေးဂေဟာတည်ဆောက်မည်အစား လူငယ် စင်တာတွေ တည်ဆောက်သင့်တယ်လို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ် ကပြောပါတယ်။

“ကျနော်ကတော့ ခွေးဂေဟာကိုဆောက်မယ့်အစား လူငယ်စင်တာကိုဆောက်ရင်ပိုမကောင်းဘူးလားဆိုတဲ့ဟာမျိုးကို ကျနော်အစကတည်းက အဲ့လိုပြောခဲ့တယ်ပေါနော်။ ဒါပေမယ့်ကိုယ်ကလည်းတစ်ယောက်တည်းပဲဆိုတော့ အရာမထင်ခဲ့ဘူးပေါနော်။ ဆိုတော့ ခွေးဂေဟာကိုဆောက်ပြီးတော့မှ ငွေသိန်းထောင်ချီကုန်ကျမယ့်အစား လူငယ်ပြုပြင်ရေးစခန်းတွေထားပေးခြင်းဖြင့် ကယားပြည်နယ်မှာရှိနေတဲ့ လူငယ်ထုအားလုံးဒီမှာလာရောက်စုံစည်းပြီးတော့မှ ပြည်နယ်အတွက်တစ်ခုခု လုပ်ပေးနိုင်တဲ့အနေအထားမျိုး ဖန်တီးရင်တော့ပိုအဆင်ပြေတာပေါ့။” လို့ပြောခဲ့ပါတယ်။

အများပြည်သူများသဘောမတူပဲ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး နှစ်ဦး သဘောတူဆောင်ရွက်တဲ့ကိစ္စရပ်တွေက ပြည်သူ့ဘဏ္ဍာငွေကို အလေအလွင့်ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အရင်လေ့လာပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဦးသဲရယ်ကဆက်လက်တိုက်တွန်းပြောကြားခဲ့ပါတယ်။

spot_img
spot_img

Recent posts