Friday, December 4, 2020

ဂျဲန်ဒါနဲ့ ရိုးရာအစဉ်အလာ

Must read

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...
ဂျဲန်ဒါ(Gender) ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝန်းတွေမှာ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာပါပြီ။ ဒါပေမဲ့ ဂျဲန်ဒါဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သဲသဲကွဲကွဲ မသိကြပါဘူး။ ဂျဲန်ဒါဆိုတာ ကျား၊မဆိုင်ရာ လူမှု ပုံစံသွင်းခြင်းပဲလို့ ဂျဲန်ဒါလေ့လာတဲ့ ပညာရှင်တွေက ပြောကြပါတယ်။
 
ဂျဲန်ဒါထဲက အဓိက အချက်တွေက လူမှုပုံစံသွင်းတာတွေ၊ တရားသေ သတ်မှတ်ချက်တွေ၊ လူမှုဆိုင်ရာ သတ်မှတ်ချက်တွေ ပါဝင်နေပါတယ်။ ဒီ ဂျဲန်ဒါဆိုတဲ့ လူမှုပုံစံသွင်းခြင်းကနေ ကျား၊မဆိုင်ရာ အခြေခံတဲ့ အကြမ်းဖက်မှု( GBV- Gender Base Violence )တွေ ဖြစ်လာပါတယ်။ အကြမ်းဖက်မှု အမျိုးအစားတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း(physical violence)၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း(emotional or psychological violence)၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (sexual violence)၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း (economic violence) ၊ ထိခိုက်နစ်နာ‌စေသော မိရိုးဖလာ ထုံးတမ်းစဉ်လာများ (traditional violence) စတဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်။
 
ကယားပြည်နယ်မှာတော့ ဒီအကြမ်းဖက်မှုတွေအားလုံးနဲ့ ဆက်စပ်နေတဲ့ ထိခိုက်နစ်နာစေတဲ့ မိရိုးဖလာ ထုံးတမ်းစဉ်လာတွေက အများကြီးဖြစ်နေတာကို တွေ့နေရပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာတွေအရ ထိခိုက်နစ်နာစေတာကလည်း အမျိုးသမီးများကိုသာ အဓိက ထိခိုက်နစ်နာစေပါတယ်။
 
မိရိုးဖလာ ထုံးတမ်းစဉ်လာတွေထဲမှာ ရိုးရာအရ ကျင်းပပြုလုပ်တဲ့ ပွဲတော်တချို့ (ဥပမာ စုပေါင်းကခုန်ကြတဲ့ တံခွန်တိုင်ရိုးရာပွဲ) အမျိုးသားတွေသာ ကခုန်ခွင့်ရှိပြီး အမျိုးသမီးတွေ ကခုန်ခွင့်မရှိတဲ့ အရာတွေ ရှိနေပါတယ်။ ကြက်ရိုးထိုးပွဲ ဒါမှမဟုတ် ရိုးရာနတ်ပူဇော်ပွဲဆိုရင်လည်း ကန့်သတ်နေရာကို အမျိုးသမီးတွေ ပါခွင့်၊ သွားခွင့်မရှိပါဘူး။ ဒ့ါအပြင် လူငယ်သဘာဝ သမီးရည်းစားချင်း လိင်ပိုင်းဆိုင်ရာလွန်ကျူးမိကြလို့ အမျိုးသားဖက်က အမျိုးသမီးကို တာဝန်မယူချင်ရင် ကြက်၊ ဝက်၊ ခေါင်ရည်နဲ့ ငွေသားအနည်းငယ်ကိုသာ ပေးပြီး ကျေးရွာလူကြီးနဲ့ ကျေအေးနိုင်တဲ့ ထုံးတမ်းစဉ်လာတွေ ရှိနေပါသေးတယ်။
 
ကျေးရွာတောရွာတွေဖက်မှာဆိုရင် အမျိုးသားဖက်က တာဝန်မယူလို့ ဒုက္ခရောက်နေကြတဲ့ အမျိုးသမီးငယ်တွေဟာ အိမ်မှုကိစ္စ၊ ကလေးကိစ္စ၊ မိသားစု စားဝတ်နေရေးအပြင် ပတ်ဝန်းကျင်ရဲ့ အပြစ်တင် ဝေဖန်တာတွေကိုလည်း ခံနေရကြပါတယ်။ ပြဿနာ တစ်ခုခုဖြစ်ပေါ်တိုင်း ပြုလုပ်တဲ့သူတွေကို အပြစ်မမြင်ဘဲ ခံနေရတဲ့သူကိုသာ အပြစ်မြင် ဝေဖန်ကြတာဟာ ဓလေ့တစ်ခုလိုတောင် ဖြစ်နေပါတယ်။ ဥပမာ မုဒိမ်းမှုတွေမှာဆိုရင် ကျူးလွန်ခံရတဲ့ အမျိုးသမီးကို မဖေးမတဲ့အပြင် ဝိုင်းဝန်းပြစ်တင်တာမျိုးဖြစ်ပါတယ်။ Gender Equality Network ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာအရ ထိခိုက်နစ်နာစေတဲ့ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေမှာ ကျား၊မဆိုင်ရာ အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ တရားဥပဒေအရ မသွားဘဲ ကျေးရွာအဆင့်အနေနဲ့ပဲ ဖြေရှင်း ကျေအေးနေကြတယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ရှိနှင့်ပြီးသား မိရိုးဖလာအရ ဓလေ့ထုံးတမ်းတွေဟာ အပေါ်ယံကိုကြည့်ခြင်းအားဖြင့် သူ့ဟာနဲ့သူ အဆင်ပြေတယ်လို့ ယူဆနိုင်ပေမယ့် တကယ်တမ်း အမျိုးသားနဲ့ အမျိုးသမီးတွေအကြား မတရားမှုတွေ၊ မမျှတမှုတွေဟာ အများကြီး ရှိနေတာကို တွေ့ရပါတယ်။
 
ပစ်ပယ်လို့ မရနိုင်သေးတဲ့ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာတွေဟာ လက်ရှိအခြေအနေမှာတော့ သူ့ဟာနဲ့သူ အဆင်ပြေနေပေမယ့် ပြန်လည် ပြင်ဆင်သင့်တဲ့ အချက်တွေကို ပြင်ဆင်ရမှာဖြစ်ပြီး ထပ်မံ ဖြည့်စွက်ရမယ့် အရာတွေကိုလည်း ဖြည့်စွက်ရမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ကယားတွေရဲ့ သွေးသားရင်းအမျိုးမတော်စပ်ကြပေမယ့် ရိုးရာအစဉ်အလာအရ အိမ်ထောင်မပြုနိုင်ကြတာကလည်း မဖြစ်သင့်ပါဘူး။ ကျား၊မ တန်းတူညီမျှမှုလို့ ပြောတဲ့အချိန်တိုင်းမှာ အမျိုးသားရော အမျိုးသမီးပါ ဂျဲန်ဒါမှာ ပြဿနာ မရှိဘူး၊ အဆင်ပြေနေပါတယ်လို့ ပြောတတ်ကြပေမယ့် အကြမ်းဖက်မှု၊ ပြဿနာတွေက ရှိနေပါတယ်။
 
ဒါပေမဲ့ ရိုးရာအစဉ်အလာတွေကြောင့် ပြဿနာကို ပြဿနာလို့ မမြင်ကြတာတွေလည်း ရှိနေပါတယ်။ ပတ်ဝန်းကျင်မှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှမှု မရှိတာကို “ဒါဟာ တန်းတူညီမျှမှု မရှိတာ မဟုတ်ဘူး၊ ရိုးရာဓလေ့နဲ့ ဘာသာထုံးတမ်းစဉ်လာအရ နဂိုကတည်းက ရှိနေပြီးသား” လို့လည်း ပြောတတ်ကြပါတယ်။ လူမှုရေးဆိုင်ရာ စံနှုန်းတွေနဲ့ ကျား၊မ ရေးရာ တရားသေ သတ်မှတ်မှုတွေဟာ မသိလိုက်ပါဘဲ အကြမ်းဖက်ခြင်းကို အားပေးတဲ့အပြင် အကြမ်းဖက်မှုတွေ ပပျောက်သွားဖို့အတွက် ဆောင်ရွက်တဲ့နေရာမှာလည်း အခက်အခဲ ဖြစ်စေပါတယ်။ လူမှုဆိုင်ရာ သတ်မှတ်ချက်တွေဟာ ပြောင်းလဲလို့ရတဲ့အတွက် အမျိုးသားနဲ့ အမျိုးသမီးတွေ တန်းတူ အခွင့်အရေးတွေ ရရှိဖို့နဲ့ နစ်နာမှု မရှိစေဖို့ ရိုးရာဓလေ့နဲ့ ဘာသာထုံးတမ်းစဉ်လာတွေကို ပြောင်းလဲဖို့ လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်းရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ပြင်ဆင်မှုတွေပြုလုပ်ပြီး ထပ်မံကြိုးစားမည်

ကန္တာရဝတီတိုင်း(မ်) နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အားလုံးနီးပါး ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထပ်မံကြိုးစားသွားမယ်လို့ ပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

Comments

comments