spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ငါးစာစျေးတက်လာမှုကြောင့် ငါးမွေးသူများ အခက်အခဲ့ကြုံတွေ့နေရ

CJ ( ကန္တာရဝတီတိုင်း(မ်) )

ငါးစာစျေးမြင့်တက်မှုကြောင့် မွေးမြူရေးသမားတွေ အတွက် အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဖရူဆိုမြို့နယ် အတွင်းက တနိုင်တပိုင် ငါးမွှေးမြူတဲ့  ခူးဗျားရယ်ကပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲ တွေနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ အခြေခံလူသုံးကုန်တွေအပါအဝင် ငါးမွှေးမြူရေးအတွက်  ကုန်ကြမ်းနဲ့ ငါးစာတွေဟာ ဝယ်ယူရရှိနိုင်မှု အကန့်အသန့်ကြောင့်   စျေး နှစ်ဆလောက်မြင့်တက်သွားတယ်လို့ ပြောပါတယ်။

ကရင်နီပြည်နယ် အတွင်းမှ ငါးမွေးမြူရေးလုပ်ငန်းတစ်ဦးက “အခက်အခဲတော့ ရှိတာပေါ့။ ဖွဲ့နု အခုဆိုရင် ဝယ်မရဘူး လေး။ ပဲဖတ်နဲ့ထမင်းကျန်ပေါ့၊ အဲတာကို ရောနယ်ပြီး ချပေးရတယ်။ ဖွဲနုစျေးက အရမ်းတက်နေတော့ အခုလောလောဆယ် ပဲဖတ်ပဲ တတ်နိုင်တယ်။ အကယ်၍ ဆီစက်လည်း မလည်ပတ်ရင် ငါးစာက ပြတ်ရင် ပြတ်နိုင်မယ်။ ငါးစာကို ပုံမှန်မကျွေးဖြစ်ဘူး။” လို့  ငါးမွေးမြူသူတစ်ဦးက ပြောပါတယ်

ယခင် ငါးစာကျွေးတဲ့ ဖွဲ့နုဟာ တစ်ပိသာလျှင် တစ်ထောင်ခန့် သာရှိပြီး ယခုအခါ နှစ်ထောင်အထိ စျေးမြင့်တက်သွားတယ်လို့  လို့ ကိုဗျားရယ်ကပြောပါတယ်။

“ဖွဲ့နုစျေးက ယခင် တစ်အိတ်လျင် ၅ ထောင်ခန့်သာရှိပြီး ယခုစျေးက ၈ ထောင်စျေးနဲ့ ပဲဖတ်ဆိုရင်လည်း တစ်ပိသာ ၁၁၀၀မှ ၁၂၀၀ပဲ ယခုစျေးမှာ ၁၈၀၀ ထိ စျေးမြင့်တက်နေတာကြောင့် တစ်ချို့တောင် အဆင်ပြေပြေ ဝယ်မရဘူး ဖြစ်နေတယ်။ ငါးဆက်မွေးနိုင်ဖို့က ဒီမှာရှိတဲ့ ငါးအကြီးတွေကို ထုတ်ပြီး ထုတ်မှပဲ ဆက်မွေးနိုင်တော့မယ်” လို့ ငါးမွေးမြူရေးလုပ်ကိုင်သူ ဦးဆော်ရယ်က ပြောပါတယ်။

လက်ရှိကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အတွင်း ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စစ်ကောင်စီ စစ်ကြောင်း ထိုးစစ်ဆင်မှုကြောင့် တစ်ချို့ကျေးရွာအနီး ငါးကန်များ ဒီအတိုင်း ပစ်ထားခဲ့ရတာလည်း ရှိနေပါတယ်။

spot_img