ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူတစ်ဦးအနေနဲ့ ဘယ်လိုမျိုးအကြံပေးချင်လဲ။ ဘာတွေ ထည့်သွင်းဆွေးနွေးခြင်းလဲဆိုတာနဲ့ ပတ်သက်လို့ ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်မှ ကျေးရွာတချို့ကို မေးမြန်းထားပါတယ်။
![](https://www.kantarawaddytimes.org/wp-content/uploads/2020/03/86857620_10213198113426116_4701977732911726592_o-1024x503.jpg)
ဦးစောနေသာ ယိုကော်ခိုရပ်ကွက် (ရပ်ကွက်အတွင်းရေမှုူး)
တစ်ဖွဲ့နှင့်တစ်ဖွဲ့က ပြန်လည်သင့်မြတ်ပြီးတော့ ညိုန်ှိုင်းပြီးမှသာလျင် ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကိုသိရမှာ အဲ့လိုပြေားချင်တာ။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဒီအတိုင်းပဲချောင်းမြောင်းနေထိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ တည်မြဲခြင်းမရှိဘူး။ ဒီထက်ပိုဆိုးဆိုးလာမယ်လို့ထင်တာပဲ။ သဘောထားတိုက်ဆိုင်မှသာလျှင် ငြိမ်းချမ်းရေးတည်မြဲမယ်။
![](https://www.kantarawaddytimes.org/wp-content/uploads/2020/03/87166951_10213198114426141_3727160353042202624_o-1024x515.jpg)
ကိုဇော်ဦး
စိုးရိမ်စိတ်က ဘယ်လိုရှိလဲဆိုတော့ အစိုးရကကောင်းပါတယ် တက်လာတဲ့့သူတွေကမကောင်းတာပါ။ ဘာတွေဆွေးနွေးခိုင်းစေချင်လဲဆိုရင်တော့ ကျနော်တို့ အနာဂတ်ရဲ့ ကလေးတွေကိုကြည့်ပါလို့ ကျနော်တို့ရဲ့ တစ်သက်သာကိုမကြည်ပါနဲ့။
![](https://www.kantarawaddytimes.org/wp-content/uploads/2020/03/86295604_10213198115986180_6149859127343448064_o-1024x504.jpg)
ဒေါ်သန္တာမိုး
ကိုယ်က ကျင်းလုပ်နေတယ်ဆိုတော့ ကျင်းအလုပ်သမားတွေအတွက် သူတို့ တွက်အခွင့်အရေးတွေကို လိုချင်တယ်ပေါနော်။ အခုဆိုရင် အလုပ်လုပ်ရတာရှုပ်တယ် ရှုပ်တယ်ဆိုတာက အလုပ်သမားတွေအတွက် ဟိုကတားလိုက် ဒီကတားလိုက် ဒီမျိုးရှိတယ် သူတို့အတွက်ကို ကောင်းောင်းစေချင်တယ်။ သူတို့အတွက်ကောင်းတဲ့အခွင့် အရေးလေးတွေရဖို့ တင်ပြချင်ပါတယ်။
![](https://www.kantarawaddytimes.org/wp-content/uploads/2020/03/86809180_10213198117186210_6548262832046080000_o-1024x561.jpg)
ဒေါ်လွမ်းပို
ကလေးတွေရဲ့ ပညာရေးတွေကို နာသုံးနာနဲ့ ဖေးမကူညီပေးတဲ့ ပရဟိတ ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြီးတော့မှ သားသမီးတွေရဲ့ ပညာရေးတိုးတက်ခွင့်ရတာလည်းအခွင့်အရေးတစ်မျိုးပဲပေါနော်။ လူရယ်လို့ဖြစ်လာပြီဆိုလို့ရှိရင် ရှိသင့်ရှိထိုက်တဲ့ လွှတ်လပ်ပိုင်ခွင်လို့ အားလုံးကို ခြုံပြီးတော့ ပြေားမယ်ဆိုရင်တော့ ကလေးတွေနှင့် အမျိုးသမီးအတွက် ပိုပြီးတော့မှ အခွင့်အရေးရစေချင်တာပေါနော်။
![](https://www.kantarawaddytimes.org/wp-content/uploads/2020/03/86831335_10213198118506243_7917616620690735104_o-1024x533.jpg)
ဒေါ်နော်စတာ (ကျေးရွာအတွင်းရေးမှူး – ညောင်သာရွာကျေးရွာ)
အခုပေါ်ပေါ်နေတယ်မုဒိမ်းမှုတို့ အိမ်တွင်းရေးမငြိမ်းချမ်းတာတို့အဓိက ထားပြီးဖော်ပြစေချင်တယ်။
![](https://www.kantarawaddytimes.org/wp-content/uploads/2020/03/88056042_10213229840659277_6720235860903591936_o-1024x512.jpg)
မငယ်ငယ် (ညောင်သာယာရွာကျေးရွာ)
ဘာပဲဖြစ်ဖြစ် လုပ်ငန်းကိုင်ငန်းပဲဖြစ်ဖြစ်နောက်ပြီးမှ အိမ်တွင်းရေးပြဿနာပဲဖြစ်ဖြစ် အစစအရာရာကိုယ်က တင်ပြလို့ရတယ်ကိုယ့်ဘက်ကြည့်မယ် လိုက်နာမယ်ဆိုလို့ရှိရင် လူကြီးသူမများရှိမယ်ဆိုရင်တော့ တင်ပြချင်တယ်။