spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးအတုအယောင် မလိုချင်ဘူးလို့ ကလလတ ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စာရွက်ပေါ်မှာပဲ သဘောတူရေးထားတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က အားရကျေနပ်မှုမရှိတဲ့အတွက် အတုအယောင် ငြိမ်းချမ်းရေးကို မလိုချင်ဘူးလို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဗဟိုကောင်မတီ ဗဟိုနိုင်ငံရေးဌာနမှ တာဝန်ရှိသူ မာကုအီချစ်ထွန်းက ပြောပါတယ်။

“ကျတော်တို့က တကယ့် ဒီငြိမ်းချမ်းရေးက သိပ့်အရေးကြီးတာပေါ့ ဒါပေမဲ့ ဒီငြိမ်းချမ်းရေး အတုအယောင်ဖြစ်တဲ့ငြိမ်းချမ်းရေးတော့ ကျတော်တို့မလိုချင်ဘူး အပေါ်ယံသဘောနဲ့စာရွက်ပေါ်မှာရေးထားတဲ့ ငြိမ်းချမ်းရေးလိုမျိုးဆိုရင်တော့ ကျတော်တို့အနေနဲ့အားမရဘူး ဒါငြိမ်းချမ်းရေးလို့တော့ ကျတော်တို့ခေါ်လို့လဲမရပါဘူး” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သတ်လာရင်တော့ပြည်နယ်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကိုက်ညီတဲ့ငြိမ်းချမ်းရေးအခြေအနေကို တိုက်တွန်းလုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့မှ ၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့တဲ့ နှစ်(၄၀)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား (ဓါတ်ပုံ – Karenni Post (Facebook))

ကယားပြည်နယ်အတွင်းမှာ အဓိက ကြုံတွေ့နေရတဲ့ ပြသာနာတွေကတော့ နိုင်ငံရေး၊ လူမှုရေးပြသာနာတွေ လက်နက်ကိုင်ပဋိပက္ခတွေနှင့် တောင်သူအရေးကိစ္စရပ်တွေ ဖြစ်ပါတယ်။

ထိုအချက်တွေကို ကြည့်ခြင်းအားဖြင့် လက်ရှိ ကရင်နီပြည်နယ်မှာ ငြိမ်းချမ်းရေးမရသေးပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်ဆိုရင် ကိုယ်ရဲ့ပိုင်ဆိုင်မှုတွေကို ပိုင်ဆိုင်ရမယ်လို့ လူငယ်ရေးရာဌာန ဒုတာဝန်ခံ အလင်းက သုံးသပ်ပြောဆိုသွားပါတယ်။

“တစ်ကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်ဆိုရင်တော့ ကျနော်တို့ကလည်း ကိုယ့်အိမ်ကိုယ်အိုးနဲ့ ကိုယ့်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်ကြမှာပဲပေါနော။ အဲ့တာ ကျနော်တို့ပိုင်ဆိုင်နေကြ ကျနော်တို့လယ်မြေတွေ ကျနော်တို့ ဓလေ့ထုံးတမ်း ကျနော်တို့ ယဉ်ကျေးမှုကို ကျနော်တို့ လွတ်လပ်စွာ လှုုပ်ရှားပိုင်ခွင့်ရှိပြီဆိုတော့ တာကတော့ ငြိမ်းချမ်းရေးတစ်စုံတစ်ရာရမယ်ဆိုရင် တာက ကျနော်တို့ပိုင်ဆိုင်ရမာပဲပေါ” လို့ ပြေားခဲ့ပါတယ်။

ကယားပြည်နယ်ဟာ သံယံဇတ အများအပြားထွက်ရှိတဲ့ ပြည်နယ်ဖြစ်ပြီး တစ်ကယ့် ငြိမ်းချမ်းရေး အစစ်အမှန်သာရမယ်ဆိုရင် ပြည်သူတွေအတွက်လည်း အခွင့်အရေးရှိလာမယ်လို့ မာကုအီ ချစ်ထွန်းကဆက်ပြောပါတယ်။

“ကျတော်တို့တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရတယ် ဆိုရင်တော့ ကျတော်တို့ပြည်သူတွေအတွက်ကတော့ အခွင့်အရေး အများကြီးရမှာ။ ကျတော်တို့ပြည်နယ်မှာ သယံဇာတ တွေအများကြီးရှိတယ်။ အဲ့တော့ ကျတော်တို့ဟာနဲ့ကျတော်တို့လုပ်လို့တောင်လောက်တယ်။ ဘယ်သူမှ ကျတော်တို့ကိုပံ့ပိုးစရာတောင်မလိုဘူး။ အဲ့လိုဟာမျိုးတော့ခံစားခွင့်အပြည့်အ၀ ရှိပါတယ်” လို့ ပြေားခဲ့ပါတယ်။

ပြည်သူလူထုတွေ လွတ်လပ်စွာ ပြောဆိုခွင့်မရှိတာတွေ သွားလာခွင့်မရှိတာတွေ အဟန့်အတားတွေရှိနေတာဟာလည်း ငြိမ်းချမ်းရေးမရသေးတာလို့ဆိုပါတယ်။

(ကလလတ)သည် ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့ ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရဲစဲရေး သဘောတူညီမှု ရယူခဲ့ပြီးနောက် ယ်ခြားစောင့်တပ်ကို အသွင်ကူးပြောင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

spot_img
spot_img

Recent posts