spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငွေစျေးမငြိမ်မှုကြောင့် စီးပွားဖြစ် ရပ်တည်လုပ်ကိုင်ဖို့ခက်ခဲလာတဲ့ အွန်လိုင်း ရှော့ပင်

Author

Date

Category

ကန္တရ၀တီတိုင်း(မ်)

အွန်လိုင်းရှော့ပင်(အွန်လိုင်းစျေးဝယ်ခြင်း) လို့အများက ခေါ်ဝေါ်ကြတဲ့ အွန်လိုင်း စီးပွားရေးဟာ ယနေ့ခေတ်အခါ ဆယ်ကျော်သက်လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာတဲ့ စီးပွားရေးတမျိုးဖြစ်ပါတယ်။

ငွေစျေးမတည်ငြိမ်မှုကြောင့် ရိုက်ခတ်လာတဲ့ ဒုက္ခဂယက် အမျိုးမျိုးများထဲမှာမှ အွန်လိုင်းရှော့ပင် လုပ်ကိုင်သူတွေရဲ့အခက်အခဲကိုလည်း တွေ့မြင်လာရပါတယ်။

မြန်မာ့ငွေကြေးဖောင်းပွလာပြီး ငွေစျေး မတည်ငြိမ်မှုကြောင့် အွန်လိုင်း ရောင်း၀ယ်ရေးကို စီးပွားရေးတခုအဖြစ် ရေရှည်ဆက်လက်ရပ်တည်သွားဖို့ အခက်အခဲရှိလာတယ်လို့ မကေကေ ကပြောပါတယ်။

” ငွေစျေးနှစ်ဆ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော၊ တန်ဆာခလည်း နှစ်ဆ ဖြစ်သွားတယ်ပေါ့။ ကိုယ့်အတွက် ကိုက်လားဆိုတော့ ဒီလိုပါပဲ၊ ပလိုင်းပေါက်နဲ့ ဖားကောက်ရသလိုပဲပေါ့။ ရသလိုပဲပေါ့။ လုပ်ရင်လည်းဒီတိုင်းလေးပဲ စီးပွားဖြစ်မဟုတ်တော့ဘူး။ ဒီတိုင်းလေးပဲရှင်သန်နေရုံလောက်ပဲပေါ့နော့ အဲလိုပဲ”

မကေကေ က အသက် ၂၈ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး အွန်လိုင်းရှော့ပင်လုပ်သက် သုံးနှစ်ကျော် ရှိနေပြီဖြစ်ပါတယ်။ အွန်လိုင်း ရှော့ပင် လုပ်သက်သုံးနှစ်ကျော်အတွင်း ယခုတကြိမ်က သူမအတွက် အခက်အတွေ့ရဆုံးအကြိမ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အွန်လိုင်း စျေးကွက်စနစ်က အင်တာနက်ပေါ်မှ တဆင့်ပစ္စည်းမှာယူပြီး အိမ်တိုင်ရာရောက်ပို့ဆောင်တဲ့စနစ်နဲ့ ၀ယ်ယူလို့ရတာကြောင့် ၀ယ်ယူသူကို အချိန်ကုန်အလုပ်ရှုပ်သက်သာစေတဲ့ ဝန်ဆောင်မှု စီးပွားရေးတမျိုးဖြစ်ပါတယ်။

ကရင်နီပြည်မှာလည်း မကေကေလိုမျိုး အွန်လိုင်းစျေးကွက်စီးပွားရေးကို ကိုယ်ပိုင်စီးပွားရေးတခုအဖြစ် တပိုင်တနိုင်လုပ်ကိုင်နေကြတဲ့ ဆယ်ကျော်သက် လူငယ်လေးတွေ ရှိနေပါတယ်။

ယခုလို ငွေစျေး မငြိမ်တဲ့ ကာလအတွင်း ပစ္စည်းပေါက်စျေးတွေလည်း တနေ့တမျိုး စျေးပြောင်းနေတာကြောင့်၊ အွန်လိုင်းစီးပွားရေးမှာ ကွက်ကွက်ကွင်းကွင်း အခက်တွေ့နေရတယ်လို့ မမေဖြိုးက ပြောပါတယ်။

“ငွေစျေးတွေဆိုလည်းပြောင်းတယ်။ ပြီးတော့စျေးတွေဆို တရက်နဲ့ တရက်မတူဘူးပေါ့နော။ အဓိကကတော့ သမီးတို့အဲ့နားမှာ အခက်တွေ့တယ်။ ဘာလို့ဆို သမီးတို့က ဒီနေ့ ၅၉၀၀ နဲ့ရောင်းထားရင် နောက်နေ့ကျရင် ၆၅၀၀ ဖြစ်သွားတယ်ဆိုရင် ကိုယ်က အရင်းရှုံးတယ်ပေါ့နော” လို့ မမေဖြိုးကပြောပါတယ်။

မမေဖြိုးကလည်း အွန်လိုင်းရှော့ပင်ကို သုံးနှစ်ကျော်ကြာလုပ်ကိုင်လာတဲ့ အသက် ၂၂နှစ်အရွယ် အမျိုးသမီး လူငယ်လေးတ‌ဦးပါ။

အွန်လိုင်းရှော့ပင် လုပ်ကိုင်နေသူအများစုက တရုတ် ယွမ်၊ ထိုင်း ဘတ်၊ အမေရိကန် ဒေါ်လာ ကာလပေါက်စျေးနဲ့ ပစ္စည်းတွေကိုပေး၀ယ်နေကြတာ ဖြစ်ပါတယ်။

မြန့်မာငွေကြေးစျေးနူန်းကျဆင်းလာပြီး ပစ္စည်းပေါက်စျေးမြှင့်တက်လာလို့ စျေးရောင်းဖို့ အမြတ်မကျန်ပေမဲ့လည်း ရှိထားပြီးသား မိတ်တွေ မပျက်အောင် ပစ္စည်းတွေ ကိုအရှုံးခံ ၀ယ်ယူပြီး၊ အွန်လိုင်း စျေးဆက်ရောင်းနေရတယ်လို့ မကေကေ ကဆက်ပြောပါတယ်။

“အခုငွေစျေးကြောင့် လောလောဆယ်တော့ os(အွန်လိုင်းစျေးရောင်းခြင်း) ကိုတော့နားထားပါတယ်။ ဒါမဲ့လက်ခံပြီးသား အော်ဒါတွေကိုတော့ ရအောင်၀ယ်ပေးတယ်ပေါ့နော ကိုယ်မိတ်မပျက်အောင်ပေါ့” လို့ မကေကေက ပြောပါတယ်။

အွန်လိုင်းရှော့ပင် လုပ်ကိုင်သူအများစုက အမျိုးသမီးများ ဖြစ်ကြပါတယ်။ အွန်လိုင်းရှော့ပင်ကို တပိုင်တနိုင် စီးပွားရေးတခုအဖြစ်လုပ်ကိုင်ကြတဲ့သူရှိသလို တခြားအလုပ်တခု ဒါမှမဟုတ် တခုမက တဲ့အလုပ်တွေနဲ့ တွဲဖက်လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။ အွန်လိုင်းရှော့ပင်နဲ့သာ အသက်မွေး၀မ်းကျောင်းပြုနေသူလည်း ရှိပါတယ်။

သို့ပေမဲ့ မတည်ငြိမ်နိုင်တဲ့ ငွေစျေးကြောင့် အွန်လိုင်းရှော့ပင် လုပ်ကိုင်ကြတဲ့ လူငယ်တွေဟာ၊ အွန်လိုင်းရှော့ပင်တခုနဲ့တင် စီးပွားဖြစ်လုပ်လို့ မရတော့တာကြောင့် အတွေးတမျိုးပြောင်းလာရတယ်လို့ မမေဖြိုးက ပြောပါတယ်။

“အရောင်းပါးတဲ့ခါကျတော့ ကိုယ့်ရဲ့ရှေ့ရေးအတွက်ဘယ်လိုတွေးလဲဆိုတော့ ဒီလိုမျိုးပဲဆက်နေလို့ ဖြစ်ပါ့မလားပေါ့နော။ ဒါကြီးကိုပဲ ဆက်လုပ်လို့အဆင်ပြေပါမလား။ ဒါမှမဟုတ်လို့ရှိရင် စင်္ကာပူပဲထွက်မလား။ ဂျပန်ပဲထွက်ရင် ကောင်းမလား။ အဲ့လိုမျိုးတော့တွေးမိတယ်။ နိုင်ငံခြားမှာပဲ အလုပ်ထွက်လုပ်ရင်ကောင်းမလား မသိဘူး။” လို့ မမေဖြိုးကပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာတော့ သွားလာဖို့ လမ်းခရီး မလွယ်ကူတော့တာအပြင် ငွေစျေးမတည်ငြိမ်ခြင်းကြောင့် ကိုယ်ပိုင်စီးပွားရေးတခုအဖြစ်ရပ်တည်ခဲ့တဲ့ အွန်လိုင်း ရှော့ပင် အလုပ်ကိုရပ်နားခဲ့ရတဲ့ ဆယ်ကျော်သက်လူငယ်တွေလည်းရှိနေပါတယ်။

spot_img
spot_img

Recent posts