ကန္တာရဝတီတိုင်းမ်
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာလ ၁၃ရက်နေ့က လူနေအိမ် နှစ်လုံးမီးလောင်သွားပါတယ်။
နေအိမ်တစ်လုံးမီးရှို့ခံရပြီး နောက်တစ်လုံးကိုပါ မီးကူးသွားတာကြောင့် နှစ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ News Light in Karenni ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ငွေတောင်ကျေးရွာအုပ်စုက ဒေသခံတစ်ဦးကလည်း မီးလောင်သွားတယ်ဆိုတာ ဟုတ်မှန်ကြောင်း ကန္တာရဝတီတိုင်းမ် သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။
” အတည်ပြုတယ်ဆိုတာ ကျနော်လည်းသွားမကြည့်ရဘူး။ လောင်တယ်လို့တော့ပြောတယ် တစ်ချို့ရွာသားတွေက မီးဝိုင်းငြိမ်းကူတယ်ပေါ့။ မီးလောင်တာတော့သေချာပါတယ်”
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲ ၄လအတွင်း လူနေအိမ် ၁၇၉လုံး ပျက်စီးသွားပြီ ဖြစ်ပါတယ်။
စက်တင်ဘာလ ၇ရကျနေ့ တိုက်ပွဲကြောင့် ဒီးမော့ဆိုက ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတမ်းရှောင်နေရပါတယ်။
စစ်ကောင်စီက လမ်းသွားလမ်းလာ လူတွေကို စစ်ဆေးဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် နေရပ်ကို မပြန်ရဲကြသေးပါဘူး။