ငွေတောင်ဆည်၊ ပါဒေါဒူရေဝင်ပေါက် မယ်စလီတော၌ ဓါးထောက်၍ ဆိုင်ကယ်နှင့်ဖုန်း လုယက်မှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီမောဆိုမြို့နယ် ငွေတောင်ဆည် ၊ ပါဒေါဒူရေဝင်ပေါက် မယ်စလီတောတွင် ယမန်နေ့ညနေ၆ နာရီကျော်အချိန်၌ ဓါးကိုယ်စီကိုင်ဆောင်ထာပြီး Mask ဝတ်ဆင်ထားသည့် လူငယ်သုံးဦးက သမီးရည်းစားစုံတွဲထံမှ ဆိုင်ကယ်နှင့်ဖုန်းနှစ်လုံးကို ဓါးထောက်ပြီး လုယူသွားတယ်လို့ဆိုပါတယ်။

လုယက်ခံရသူဖြစ်သည့် ဒီမောဆို မြို့မရပ်ကွက်နေ အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက “ ဖြစ်တာက ၆ နာရီခွဲ၊ ကျနော့်ကောင်မလေးက ဒီမောဆို စိန်ဂျိုးဇက်ဘော်ဒါမှာ စာသင်တယ်လေ၊ စာမသင်ခင်မှာ တစ်ချက်တွေ့မယ်ဆိုပြီးသွားတွေ့ကြတာ မိုးတောင်မချုပ်သေးဘူး၊ ဆိုင်ကယ်ရပ်ပြီးစကားပြောနေတာ ငါးမိနစ်တောင်မရှိသေးဘူး၊ နောက်ကလိုက်လာတဲ့ဆိုင်ကယ်က ကန်ဘောင်အောက်လမ်းမကြီးကနေပြန်ကွေ့လားပြီး ဓါးနဲ့ကျနော့်လည်ပင်းမှာ လာချိန်တယ်၊ နောက်တစ်ယောက်က ကျနော့်ကောင်မလေးကို ဓါးနဲ့ချိန်ထားတယ်၊ ပြီးတော့ဖုန်းနှိုက်ယူတယ်၊ ဆိုင်ကယ်ပါယူသွားတယ်” လို့ပြောပါတယ်။

ဓါးထောက်ယူသွားသည့်ဖုန်းနှစ်လုံးမှာ Red Mi Note 7 နှင့် Red Mi 8A အမျိုးအစားဖုန်းဖြစ်ပြီး ဆိုင်ကယ်မှာ တရုတ်ထုတ် လော်ဂျားအမျိုးအစား ၊ နံပါတ်မှာ ၆၆ယ ၄၆၉၈၁ ဖြစ်တယ်လို့ဆိုပါတယ်။

လုယက်ခံရသူဖြစ်သည့် အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက သူ့တစ်သက်မှာ ငွေတောင်ဆည်ကန်ဘောင်ပေါ်မှာ ရန်ပွဲတွေရှိတာကိုကြားသိခဲ့ရပြီး အခုလိုဓါးထောက်လုပ်ယက်တာဟာ အရင်ကမရှိခဲ့ကြောင်းနဲ့ အခုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာခံရကြောင်း ဆက်ပြောပါတယ်။

“ကျနော့်တစ်သက်ဒီမောဆိုမှာနေလာတာ ငွေတောင်ဆည်ကန်ဘောင်ပေါ်မှာ သောက်စားပြီးရန်ဖြစ်တာတွေရှိတယ် အခုလို ဓါးထောက်ပြီးလုတာကတော့ ဒါပထမဆုံးအကြိမ်ဘဲ၊ မနေ့ညကဆို သူတို့ဆီက ကျနော့်ဆိုင်ကယ်ကို ပြန်ဆွဲတော့ ဓါးနဲ့လူကိုရမ်းသေးတယ် ၊ ကျနော်ရှောင်တာမြန်လိုက်လို့ မဟုတ်ရင်ခုဆိုသေပြီလားမသိဘူး၊ ကျနော်က ဖုန်းယူရင်ရပြီပေါ့၊ ဆိုင်ကယ်ပြန်ပေးဆိုပြီးပြန်ဆွဲတာ၊ ဆိုင်ကယ်က ကျနော့်ကောင်မလေးဟာ” လို့ပြောပါတယ်။

အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက ဓါးထောက်လုယက်သူသုံးဦးထဲမှ တစ်ဦးက Mask ကို ရုတ်တရက်ချွတ်လိုက်ချိန်မှာ သူ့မျက်နှာကို မြင်လိုက်ရပြီး ဒေသခံထဲက ရုပ်ရည်မျိုးမဟုတ်ဘဲ တစ်ခြားနယ်က လူတွေ ပုံစံဖြစ်နေပြီး လူတွေ့မည်ဆိုပါက မှတ်မိတယ်လို့လည်းပြောပါတယ်။

ဓါးထောက်လုယက်ခံရတာနဲ့ပတ်သက်ပြီး ရဲ စခန်းကိုအကြောင်းကြားထားပေမဲ့ အမှုဖွင့်တာမလုပ်သေးဘူးလို့သိရပါတယ်။

Comments

comments

Next Post

NCA လက်မှတ်ရေးထိုးဖို့ ယုံကြည်စိတ်ချမှုရှိတဲ့ နိုင်ငံရေး အခင်းအကျင်းမရှိသေးဟု KNPP မှပြောကြား

Tue Mar 10 , 2020
ကန္တာရဝတီတိုင်း(မ်) တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) မှာလက်မှတ်ရေးထိုးဖို့ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးပတ်ဝန်းကျင် အခင်းအကျင်းမရှိသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကပြောဆိုလိုက်ပါတယ်။ လက်ရှိအချိန် ကယားပြည်နယ် (ကရင်နီပြည်) မှာ လူထုတွေကြုံတွေ့နေရတဲ့ပြသနာတွေ၊ ကရင်နီလူငယ်အင်အားစုနဲ့ပြည်နယ်အစိုးရကြားက ပြသနာတွေ၊ စစ်တပ်နဲ့တောင်သူတွေကြားက လယ်ယာမြေပြသနာတွေဖြစ်နေတာတွေဟာ အစိုးရနဲ့ KNPP အကြားယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေသေးတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ KNPP အထွေထွေအတွင်းရေးမှူးရွေမျိုးသန့်ကပြောပါတယ်။ “NCA ထိုးဖို့ဆိုရင် အစိုးရ၊ စစ်တပ်၊ ကျနော်တို့ကြားမှာ ယုံကြည်စိတ်ချမှုတွေဖြစ်ပေါ်စေ တဲ့နိုင်ငံရေးပါတ်ဝန်းကျင် အခင်းအကျင်းရှိနေရမှာဖြစ်သလို ပြည်သူလူထုတွေရဲ့ ဘဝတွေဟာ လုံခြုံအေးချမ်းပြီး စိတ်ကျေနပ်စရာကောင်းတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေရမယ်၊ အခုကျနော်တို့ပြည်နယ်ရဲ့အနေအထားတွေကို ကြည့်လိုက်ပါ အစိုးရနဲ့ လူငယ်တွေ၊ လူထုတွေရဲ့ ပြဿနာတွေ၊ စစ်တပ်နဲ့ လယ်သမားတွေရဲ့ ပြဿနာတွေ […]