spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စကစ စစ်ကြောင်းထိုးလာရာလမ်းနဲ့ နီးတဲ့ စစ်ရှောင်စခန်းတခုအပါအဝင် ကျေးရွာ ၃ ရွာဟာ စိုးရိမ်စိတ်ကြောင့် ညအိပ်ညနေ ကြိုတင်တိမ်းရှောင်

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို၊ဖရူဆိုမြို့နယ် က ပြည်ထောင်စုလမ်းမကြီး တလျောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကြောင့် ဖရူဆိုမြို့ အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုအပါအဝင် ကျေးရွာ ၃ ရွာခန့်ဟာ လုံခြုံရေးစိုးရိမ်ရတာကြောင့် ကြိုတင်တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

အဆိုပါ စစ်ကြောင်းထိုးလာရာ လမ်းကြောင်းဟာ ကျေးရွာတွေနဲ့ နီးလာတာ ဖြစ်တဲ့အတွက် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို စိုးရိမ်းပူပန်ပြီး ကြိုတင်ရှောင်ခိုင်းရတာ ဖြစ်တယ်လို့ ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ခုပြေးတာက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာ ကျနော်တို့နဲ့ နီးလာတာပေါ့။ အတော်များက စစ်တပ်တွေက မနက်စောတွေ ဝင်လာတာများတော့ ပြင်ဆင်ဖို့ အချိန်ကမရတော့ ညကတည်းက ကြိုတင်သွားကြတာပေါ့။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိတော့ သွားလာခက်တယ်။ ဒါပေမယ့် ယောကျာ်းလေးတွေကတော့ သိပ်မသွားကြဘူး။ ကျေးရွာတွေကို စောင့်ရတာပေါ့နော်။ ကလေးတွေ သက်ကြီးပိုင်းတွေကျတော့ ညပိုင်းဆို ရှောင်ခိုင်းထားတယ်။ နေ့ခင်းပိုင်းကတော ကြက်စာ ဝက်စာ ပြန်လာကျွေးလို့ ရသေးတယ်ပေါ့”လို့ ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်နေရင်းကနေပြီး ထပ်ဆင့်ရွေ့ပြောင်းနေကရတာ ဖြစ်လို့ ပစ္စည်းတွေကို နှစ်ခါ ဆုံးရှုံးရတဲ့အပြင် ကုန်ကျစရိတ် တွေလည်း မတတ်နိုင်ဘူး လို့ အသက် (၄၉) နစ်အရွယ် စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“တစ်ခေါက်ပြေးပြီးလေ။ ခုနောက်တစ်ခါထပ်ပြေးရတော စိတ်က အားငယ်တာပေါ။ နောက်တစ်ခေါက် ထပ်ပြေးရမယ်ဆို ပစ္စည်းတွေက အရင်တစ်ခေါက်ပြေးကတည်းက တစ်ခါ ဆုံးရှုံးပြီးပြီ။ ပစ္စည်းက အရေးတော့ မကြီးပါဘူး။ ဒါပေမယ့် ထပ်ပြေးဖို့က ကုန်ကျတွေ အရမ်းများတယ်ပေါ့နော်။ တစ်နေရာသွားမယ်ဆို ဆန်တွေ ဝယ်သွားရမလား၊ ရိက္ခာခြောက်တွေ ဝယ်ရမလား ဆင်မပြေဘူး။ ထပ်မပြေးချင်တောဘူး။ မသွားဘူးဆိုလည်း ကြောက်တယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက စိတ်ပူရတယ်” လို့ အသက် (၄၉) နစ်အရွယ် စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မိုးရာသီဖြစ်တာကြောင့် လမ်းခရီးမှာ ခက်ခဲပြီး အမိုးအကာတွေလည်း မလုံလောက်ကြပါဘူး။ တောထဲတောင်ထဲမှာ ညအိပ်ညနေ ထွက်ပြေးနေကြရတာ ဖြစ်လို့ ခြင်ကိုက်၊ဖြုတ်ကိုက်တာတွေ ရှိနေပြီး ကျန်းမာရေး အပိုင်းမှာလည်း ပိုမိုခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးတွေ လည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts