spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်​​ရေး​လေ့ကျင်​့မှု ​ဒေသခံများကို အ​နှောင်​့အယှက်​နှင်​့ စိုးရိမ်​မှု မဖြစ်​​စေလို

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ လာမည့် အောက်တိုဘာ ၁၃ရက်နေ့တွင် (၁၀)မိုင်မနားတမ်း လမ်းလျှောက်လေ့ကျင့်မည့်အပေါ် ဒေသခံများမှ စိုးရိမ်မှုအချို့ရှိခဲ့သည်။

̏ အခုလို ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလမှာ ဒီလိုလုပ်တာတော့ သိပ်တော့မကောင်းဘူး။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ လျော့ကျစေနိုင်တာပေါ့။ နောက်ပြီး ဒီလိုလုပ်ခြင်းအားဖြင့် ဒီဧရိယာမှာသွားနေတဲ့ ကျေးရွာတွေမှာ၊ အဲ့ဧရိယာမှာရောက်နေတဲ့ နေရာတိုင်းမှာ လူထုတွေလည်း သူ့အလုပ်နဲ့သူ၊ တောင်ယာတွေသွားနေကြတာတွေလည်း ရှိတယ်ပေါ့၊ ဆိုတော့ အဲ့လိုသွားလာနေတဲ့အတွက် ရွာသူရွာသားတွေအတွက်လည်း ဘယ်လိုပြောရမလဲဆိုရင် ထိတ်လန့်မှုတစ်ချို့တော့ရှိတယ်။˝ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဆိုသည်။

ထို့အပြင် လေ့ကျင့်ရာတွင်သုံးသည့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှု ပြုလုပ်မည့်အချိန်တွင် ဒေသခံများကို ကြိုတင်အကြောင်းကြားနိုင်လျင် ပိုအဆင်ပြေမည်ဖြစ်ကြောင်းနှင့် ပွင့်ပွင့်လင်းလင်းအသိပေးစေလိုကြောင်း လောဂျာကျေးရွာ ဥက္ကဌဦးတီရယ်က ပြောသည်။

အချို့ လေ့ကျင့်ပစ်ခတ်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီး/ငယ်များကိုလည်း မကြာခဏတွေ့ရှိရသည့်အတွက် နွားကျောင်းသား၊ ကလေးငယ်များအတွက် အန္တရာယ်ရှိကြောင်း ၎င်းကဆက်ပြောသည်။

၂၀၁၄ခုနှစ်တွင် ၎င်းတို့လေ့ကျင့်ရေးကျောင်းသားများ ခရီးရှည်လမ်းလျှောက်ခြင်းကို ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးအတိုင်း လမ်းလျှောက်သည့်အတွက် လမ်းသွားလမ်းလာပြည်သူများအတွက် အနှောက်အယှက်ဖြစ်စေသည့်အတွက် ယခုနောက်ပိုင်းတွင် တောလမ်းကိုအသုံးပြုပြီး လေ့ကျင့် လမ်းလျှောက်ခြင်းများကို ပြန်လည် ပြုလုပ်လာကြသည်။

သို့ရာတွင် တောလမ်းကိုအသုံးပြုပြီး လေ့ကျင့်မှုများ ပြုလုပ်ရာတွင်လည်း တောင်သူများ၏ တောင်ယာခင်းထဲရှိ သီးနှံ စားသောက်စရာများကို ခူးယူစားသောက်ခြင်းများ ပြုလုပ်ပြန်သည်။ အချို့တွင် တောင်ယာသို့သွားကုန်သည့် အိမ်တို့တွင် ပစ္စည်းများခိုးဝှက်ခြင်းများ ရှိမည်ကိုလည်း မလိုလားကြောင်း ကျေးရွာဒေသခံများက ပြောသည်။

၎င်းတို့လေ့ကျင့်ရေးအတွက် လမ်းလျှောက်ထွက်ချိန်တွင် ကျောင်းသူ/သားများနှင့် အမျိုးသမီးများအတွက် စိုးရိမ်ရကြောင်း လောဂျာကျေးရွာဥက္ကဌ ဦးတီရယ်က ပြောပါသည်။

̏ တောင်သူတွေအတွက် စိုးရိမ်ရတယ်၊ ကျောင်းသူတွေကော ဒီအမျိုးသမီးတွေအတွက်ပေါ့၊ မကောင်းတဲ့အဖြစ်တွေ ဖြစ်လာမှာကြောက်တယ် ပြီး မုဒိန်းကျင့်မှုတွေ ဖြစ်လာမှာကြောက်တယ်၊ အရင်တုန်းကလည်း ကလေးတွေကို ခြောက်တာရှိဖူးတယ်လေ။ ဒါကြောင့်˝ ဟု ၎င်းကဆိုသည်။
စစ်လေ့ကျင့်ရေးကျောင်းနှင့် အနီးတဝိုက်ရှိ ကျေးရွာများသည် ၎င်းကျောင်းပြန်ရုပ်သိမ်းပေးနိုင်ရန်နှင့် ရွာသားများမှ လွတ်လွတ်လပ်လပ် ပြန်လည်လုပ်ကိုင်စားသောက်လိုကြောင်း တောင်းဆိုနေကြသည်။

̏ ကျွန်တော့်အမြင်ပြောရရင်တော့ ဒီလေ့ကျင့်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ဒီနေရာမှာ လုံးဝမလုပ်စေချင်တော့ဘူး၊ ခု ဒီမနက်ဆိုရင်လည်း လက်နက်ကြီးတွေဘာတွေ ပစ်တဲ့အခါကျတော့ အသံက အရမ်းကျယ်တယ်ပေါ့။ အဲ့ဒါလည်း မလုပ်စေချင်တော့ဘူးပေါ့။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့အရင်က တောင်းဆိုသလိုမျိုးပါပဲ။ ဒီလေ့ကျင့်ရေးကျောင်းကို ရွှေ့ပေးဖို့ပေါ့ ဒီလေ့ကျင့်တဲ့ဟာတွေ မသုံးပေးဖို့တော့ ကျွန်တော်တို့ အဲ့ဒါပဲလိုချင်ပါတယ်˝ ဟု ဦးသဲရယ်က ဆက်ပြောသည်။

ယခုု ၁၃ရက်နေ့ ၁ဝမိုင်မနားတမ်း လမ်းလျှောက်လေ့ကျင့်မည့် ခရီးစဉ်သည် ကျောင်းဌာနချုပ်မှစတင်ကာ ဒေါဗျာကူးကျေးရွာမှ ထီးဗျားညီကျေးရွာ၊ ၎င်းမှ ဒေါလောခူကျေးရွာ၊ ဒေါလော်ခူမှ ကျောင်းဌာနချုပ်သို့ အစဉ်လိုက်လမ်းလျှောက်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးများသို့ အကြောင်းကြားစာတွင် ပါရှိသည်။

လေ့ကျင့်လမ်းလျှောက်ရာတွင် အင်အား ၇၀၀/၈၀ဝနှင့်အထက် ရှိမည်ဟု ကိုယ်စားလှယ်က ခန့်မှန်းထားသည်။

spot_img
spot_img

Recent posts