spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကို အပြီးသတ် ဖြုတ်ချနိုင်ဖို့နဲ့ ဖက်ဒရယ် ပြည်‌ထောင်စုတည်ဆောက်နိုင်ဖို့ DMO-Local PDF မှ တပ်သားသစ်ခေါ်ယူ

ကန္တာရဝတီတိုင်း(မ်)

ပြည်သူလူထုတွေရဲ့ နိုင်ငံရေးအာဏာကို မတရားအာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကို အပြီးသတ် ဖြုတ်ချဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO-Local PDF)မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး တပ်သားသစ်ခေါ်ယူနေပါတယ်။

ဝင်ရောက်လာမယ့် တပ်သားသစ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် တာဝန်အလိုက် ခန့်အပ်ဖို့ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဦးစားပေးခေါ်ယူတာတော့မရှိဘူး။ ဝင်လာမယ့် တပ်သားအသစ်က သူတို့လုပ်ဆောင်နိုင်တဲ့အပေါ်ကို ကြည့်ပြီး သင့်တော်တဲ့နေရာမှ တာဝန်‌ထမ်းဆောင်ခိုင်းပါမယ်” လို့ DMO-Local PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တပ်သားသစ်လျှောက်ထားသူအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်မှုမရှိသူ၊ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ အထက်မှ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်သူ၊ မတူကွဲပြားတဲ့ ရိုးရာဓလေ့တွေကို လေးစားလိုက်နာနိုင်သူ၊ တပ်ဖွဲ့ဝင်ရဲ့ စည်းကမ်းချက်ကိုလိုက်နာနိုင်သူ၊ အပြန်အလှန်လေးစားမှုရှိပြီး နေရာဒေသမရွေး သွားလာနိုင်သူ၊ မူးယစ်ဆေးဝါး သုံးစွဲမှု ကင်းရှင်းသူ၊ မိမိသဘောဖြင့် တပ်ဖွဲ့ဝင်လိုသူ၊ အနည်းဆုံး ၁ နှစ် တိတိ တာဝန်ထမ်းဆောင်နိုင်သူ စတဲ့ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမယ်လို့ DMO-Local PDF က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) မှာ ဝင်ရောက်လာမယ့် တပ်သားသစ်တွေအတွက် ရှိသင့်ရှိထိုက်တဲ့ အခြေခံ စစ်သင်တန်းကိုလည်း ပို့ချပေးသွားမယ်လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ရှိပါတယ် သင်တန်းပို့ချပေးဖို့က။ တပ်သားတစ်ယောက်မှာ ရှိထိုက်တဲ့ သင်တန်းတွေ ပို့ချပေးဖို့က” လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

သစ်သားသစ်အဖြစ် ဝင်ရောက်လိုသူတွေအနေနဲ့ Google Form( https://forms.gle/AgqySn3kbDPLxrtQ6 ) မှာ စာရင်းလျှောက်ထားနိုင်ကြောင်း၊ DMO-Local PDF ရဲ့ တပ်သားသစ်အဖြစ် ရွေးချယ်ခံရသူတွေကို အကြောင်းပြန်နိုင်ဖို့ လျှောက်ထားတဲ့ Google Form Email ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို Page chat box မှာ ပို့ထားပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

spot_img
spot_img