spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကျူးလွန်တဲ့လုပ်ရပ်တွေကို တရားစွဲဆိုဖို့ပြင်ဆင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်မှုအပြင် စစ်ကောင်စီမှကျူးလွန်တဲ့လုပ်ရပ်တွေကို နိုင်ငံတကာခုံရုံး ( ICC) မှာ တရားစွဲဆိုသွားမယ်လို့ ကရင်နီပြည်ရဲဌာန (KSP) ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

“ ကရင်နီပြည် အတိုင်ပင်ခံကောင်စီရယ်။ ဒီ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန တရားရေးဝန်ကြီးဌာနကိုလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ဒီစစ်ကောင်စီက ကျူးလွန်တဲ့ ပြစ်ဒဏ်နဲ့ သင့်လျှော်တဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ သူတို့ကျူးလွန်တဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိအောင် ကျနော်တို့ ကြိုးစားဆောင်ရွက် သွားမှာပါ။ “ လို့ ကိုဘိုဘိုက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်း နန်းမယ်ခုံနဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ရီခီးဘူးစစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲပစ်ခတ်ခဲ့အတွက် နန်းမယ်ခုံမြို့မှာ အသက် (၁၄)နှစ်အရွယ် မောင်ဂျွန်အာကိုစတီးနို (ခ) ဝင်းကို၊ အသက် (၁၆)နှစ်အရွယ် မောင်ရီးချက်၊ အသက် (၁၇)နှစ်အရွယ် မောင်ဘောစကို (ခ) ပရဲဖဲ တို့ အသက်မပြည့်သေးတဲ့ ကျောင်းသားအရွယ် ပရဟိတလူငယ် ၃ဦး သေဆုံးခဲ့လို့ KSP က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

အလားတူ ၂၀၂၂ဇန်နဝါရီလ ၁၇ရက်နေ့ နံနက် ၁နာရီအချိန်မှာ ဖရူဆိုမြို့နယ် ရီခီးဘူးကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးအပါအဝင် စစ်ရှောင်သုံးဦးသေဆုံးခဲ့ပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးသုံးဦးကလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖရူဆိုမြို့နယ်က ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းဟာ မိုဆိုဖြစ်စဉ်မှာ စစ်ကောင်စီအစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်ခဲ့တဲ့ သူတွေရဲ့ မိသားစုဝင်နေထိုင်ရာ နေရာဖြစ်တယ်လို့ ကိုဘိုဘိုက ဆက်ပြောပါတယ်။

“ ဒီဖရူဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ဗုံးကြဲခံရတဲ့ စစ်ဘေးရှောင် စခန်းက လူတွေဟာဆိုရင်လည်း ဒီမိုဆိုရွာက ရွာသူရွာသားတွေ စစ်ဘေးရှောင် နေနေတဲ့ နေရာပေါ့နော။ အဲ့စစ်ဘေးရှောင်တွေက ဒီ ၂၄ရက်နေ့ ၂၀၂၁ ဒီဇင်ဘာလ ၂၄ရက်နေ့ ခရစ္စမတ်မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် မိုဆိုရွာကနေ စစ်ရှောင်ပြီးတော့မှ အဲ့ဒီ စစ်ရှောင်စခန်းမှာ လာနေနေကြပါတယ်။ အဲ့တာကိုမှ ဟိုက စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောက်ထပ် သေဆုံးမှုတွေ ထပ်ဖြစ်တာဖြစ်ပါတယ်။”

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်မှုအပြင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ပြည်သူ ၃၀ကျော် မီးရှို့သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကိုလည်း KSP ကနေ သက်သေတွေ စုဆောင်းနေပြီး နိုင်ငံတကာခုံရုံး ( ICC )ကို တင်သွင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတဲ့ ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခုနှစ်သောင်းထွက်ပြေးနေရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၁၈၂ ဦးထိ ရှိနေပြီဖြစ်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts