spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ကရင်နီမှာ အကြမ်းဖက်မှုကို တိုးမြှင့်လုပ်ဆောင်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တစ်လေးလုံး(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ ကရင်နီပြည်အတွင်း၊ အထူးသဖြင့် မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့မှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှု လုပ်ရပ်တွေကို ကျူးလွန်တာတွေ တိုးမြှင့်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ချက် ထုတ်ပါတယ်။

ကရင်နီပြည်မှာရှိတဲ့ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတွေနဲ့ ထိန်းချုပ် နယ်မြေတွေ ဆုံးရှုံးနေတဲ့အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တုန့်ပြန်တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီဖက်က အကျအဆုံးများချိန်တွေမှာ လေတပ်ကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်တာဟာ လုပ်ထုံးလုပ်နည်းဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော်(KA)ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတာများရင်လည်း ဗုံးကြဲမှာပဲ သူတို့(စစ်ကောင်စီ)ရဲ့လုပ်ထုံးလုပ်နည်းပေါ့။ သူတို့ကတော့ တပ်ရှုံးမယ့် အခြေအနေမှာတော့ မထူးတော့ဘူးလေ လုပ်ချင်ရာလုပ်မှာပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာလဲ သူတို့က သိချင်မှသိမှာပဲ သိရင်လည်းလုပ်မှာပဲလေ။ တစ်နိုင်ငံလုံးက မုန်းနေတော့ ရတဲ့ လုပ်နိုင်တဲ့နည်းတွေနဲ့ လုပ်မှာပဲ။ သူတို့ နာပြီ သေပြီ ရှုံးပြီဆိုရင်တော့ ဗုံးကြဲတာခပ်များများဖြစ်နေပြီ။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကရင်နီပြည်မှာ အရပ်သား အမျိုးသား၊ အမျိုးသမီး နဲ့ ကလေးသူငယ် ၈၁ဦးသေဆုံးပြီး ၈၂ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ လေတပ်အသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေအများဆုံးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းတာ၊ ဖျက်ဆီးတာတွေကို စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဟာ ကရင်နီဒေသမှာ လက်ရှိအချိန်ထိ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားစေနိုင်ဖို့ စစ်ကောင်စီထံ လက်နက်ရောင်းချမှုကို ပိတ်ဆို့အရေးယူမှုပြုလုပ်ဖို့ KnHRG က တောင်းဆိုထားပြီး စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ကိုလည်း ပြောဆိုထားပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာထဲမှာလည်း ၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီက တိုင်းရင်းသားဒေသက နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးဆိုင်ရာ ပိုမိုကျဆင်းလာတယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ကရင်နီပြည်မှာ စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှု ( ၉၈၄ )ကြိမ်ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img

Recent posts