spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက မိုးဗြဲမြို့ အနောက်ဘက်က စစ်ရှောင်စခန်းတွေဆီ သုံးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်၊ အမျိုးသားတဦးထိမှန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီနဲ့ ရှမ်းပြည် နယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေဆီကို စစ်ကောင်စီက သုံးရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်ရှောင်အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Mobye Local PDF ပြန်ကြားရေးအဖွဲ့ ဝင် အမျိုးသမီးတဦးက ကန္တာရဝတီတိုင်း(မ်)ကို‌ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ကစပြီး ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်နေ့) အထိ သုံးရက်ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သွားတဲ့ အမျိုးသားကတော့ အသက်ခြောက်ဆယ်ဝန်းကျင်အရွယ်ရှိတဲ့ စစ်ရှောင်အမျိုးသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က လက်မောင်းမှာ လက်နက်ကြီးစထိမှန်တာဖြစ်ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။

“၇ ရက်နေ့လောက်က စစ်ရှောင်တဲဘေးမှာဘဲ ကျတာရှိတယ်ပေါ့နော်။ ပစ်ခတ်တာတော့ သုံးညဆက်တိုက်လောက်ရှိပြီ။ ၆ ရက်နေ့တုန်းကလည်း မိုးဗြဲမြို့ပေါ်ကိုပစ်တာ ပြည်သူတဦးထိသေးတယ်ရှင့်။ အဖိုးအရွယ်ပါ။ မြို့ပေါ်မှာပစ်တဲ့ညကျတော့ သေချာမသိရဘူး၊ မိုးဗြဲအနောက်ဘက်ခြမ်းမှာ ပစ်တာတော့ တခါပစ်ရင်နှစ်လုံး နှစ်ဆင့်ကွဲတွေပါ။ ဦးတည်ပစ်ခတ်တယ် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီ မိုးဗြဲအနောက်ဘက်ခြမ်း ကျတဲ့နှစ်ညလုံးက မနီးမဝေး ဧရိယာတခုတည်းဘဲ။”လို့ Mobye Local PDF ပြန်ကြားရေးအဖွဲ့ ဝင် အမျိုးသမီးတဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုက နေ့၊ ည မရွေး ပစ်ခတ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့လည်း လုံခြုံတဲ့ နေရာကို ပြောင်းရွှေ့နေထိုင်ကြဖို့လည်း Mobye Local PDFက နိုဝင်ဘာလ ၈ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားတာရှိပါတယ်။

“ မထင်ရင်မထင်သလို ပစ်တာမျိုးပဲ၊ တခါတလေ ညဖက်၊ တခါတလေနေ့ဖက်ပေါ့။ သူတို့လှမ်းထုတာတော့ ထုတယ်၊ ဒါပေမဲ့ ပစ်တာတော့ ဒီအနောက်ဖက်ခြမ်းမှာ ဦးတည်ပြီးပစ်တာမျိုးတော့ တွေ့ရတာပေါ့နော်” လို့ မိုးဗြဲဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၆ ရက်နေ့မှာ စစ်ကြောင်းသွားလာဖို့ ကြိုတင်လမ်းကြောင်းရှင်းတဲ့ အနေနဲ့ မိုးဗြဲမြို့ အတွင်းကို ပစ်ခတ်တာဖြစ်ပြီး၊ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့တွေမှာ စစ်ရှောင်စခန်းတွေဆီကို လက်နက်ကြီး အချက်ရေ သုံးဆယ်ဝန်းကျင် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img

Recent posts