spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ဝန်ကြီးချုပ် မည်သို့ပင်အပြောင်းအလဲလုပ်ခန့်အပ်နေပါစေ လူထုအတွက်အကျိုးမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကနေ အာဏာသိမ်းပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ပြောင်းလဲခန့်အပ်နေတာတွေရှိပေမယ့် ပြည်နယ်အတွက် ဘာမှအကျိုးရှိလာမှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFပြောဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

“ ကျနော်တို့အတွက် ကောင်းကျိုးဘယ်ဟာမှ ဖြစ်လာမှာမဟုတ်ဘူးပေါ့နော။ ဒါက တပ်တွင်းမှာ ပဋိပက္ခတွေဖြစ်လို့ စစ်ကောင်စီရဲ့ ယန္တာရားအတွင်းမှာကိုက ပဋိပက္ခတွေများလို့ အပြောင်းအလဲ လုပ်ကြတာပဲလို့ ကျနော်တော့ အဲ့လိုပြောချင်တယ်။ ကျနော်ယုံကြည်တာတစ်ခုပဲရှိတယ်။ စစ်ကောင်စီလုပ်တဲ့ အပြောင်းအလဲ စစ်ကောင်စီလုပ်တဲ့ ငြိမ်းချမ်းရေး စစ်ကောင်စီလုပ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေအားလုံးဟာ လူထုကို ဆန့်ကျင်တဲ့ဟာတွေပဲလို့ မှတ်ချက်ပြုချင်တယ်ဗျ။ “

စစ်ကောင်စီကနေပြီး ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးခင်မောင်ဦး(ခ) ဘူးရယ်ကို ခန့်အပ်ခဲ့ပြီး ဇန်နဝါရီ(၃၁)ရက်မှာ တာဝန်မှ အနားပေးလိုက်ပြီးနောက်မှာတော့ ဦးဇော်မျိုးတင်ကို ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ(၁)ရက်နေ့မှာ စစ်ကောင်စီကခန့်အပ်လိုက်တဲ့အပေါ်မှာ မှတ်ချက်ပြောဆိုသွားတာဖြစ်ပါတယ်။

စစ်ကောင်စီကနေပြီး လုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေ၊ လုပ်ဆောင်မှုတွေက လူထုအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခူဒယ်နီယာယ်က ဆိုပါတယ်။

“ အဖွဲ့အစည်းအနေနဲ့ပြောရရင်တော့ သူတို့ဒီအချိန်မှာတော့ လူထုအတွက် သူတို့ဘာလုပ်လုပ် လူထုအတွက် ကတော့ အကျိုးရှိမှာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုရင် လူထုတစ်ရပ်လုံးကလည်း သူတို့ကို ကြိုက်တာမှမဟုတ်တာ သူတို့ ဘယ်သူပဲလာလာ လူထုကတော့ ဆန့်ကျင်နေမှာပဲ ဒီတိုင်းပြည်ထဲမှာရှိနေတဲ့ လူထုတစ်ရပ်လုံးက ဆန့်ကျင်နေတယ်ဆိုတော့ လူထုက တော့ အကျိုးရှိမယ်လို့ မြင်မှာမဟုတ်ဘူး။ လူထုမြင်တဲ့အတိုင်းပဲ ကျနော်တို့လည်း အဲ့လိုပဲ မြင်တယ်။ အကျိုးရှိမှာ မဟုတ်ဘူး။ ဘယ်သူပဲလာလာပေါ့။ “

လက်ရှိ စစ်ကောင်စီခန့်အပ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ဆင်းဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်က ဗိုလ်မှူးကြီးအဖြစ် ကယားပြည်နယ်လွှတ်တော်ရဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် နဲ့ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။

လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစမှူး ဗိုလ်ချုပ်မှူး ဖြစ်ခဲ့သူဖြစ်ပါတယ်။ နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဗိုလ်ချုပ်ရာထူးနဲ့ စခန်းမှူး တာဝန်ယူခဲ့သလို ၂၀၂၁ ဇန်နဝါရီလအတွင်းမှာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့ပါတယ်။

တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး အဖြစ် ၂၀၂၁ စက်တင်ဘာမှာ ရာထူးတိုးခဲ့ပါတယ်။

spot_img
spot_img

Recent posts