spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ဝန်ထမ်းတွေကို စားစရိတ် ထောက်ပံ့ပေးမှု မထိရောက်ဘူးလို့ Non CDM ဝန်ထမ်းတွေဆို

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီက လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် ဝန်ထမ်းတွေကို တစ်လ သုံးသောင်းနှုန်းနဲ့ ထောက်ပံ့မှုပေးမယ့်ပေါ် ထိရောက်မှုမရှိဘူးလို့ Non CDM ဝန်ထမ်း တွေက ဆိုကြပါတယ်။

လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအနေနဲ့ လုပ်ကိုင်နေသူတစ်ဦးက ဒီထောက်ပံ့မှုက လောက်ငှမှုမရှိသလို စားသောက်စားရိတ်ကို မကာမိဘူးလို့ ပြောပါတယ်။

“မိသားစု တစ်စုစာအတွက်တော့ မလောက်နိုင်ဘူး။ တစ်ယောက်စာအနေနဲ့ပဲ ထွက်လာမှာ။ တစ်ယောက်စာအနေနဲ့ဆိုရင်တောင်မှ ဆီဖိုးလောက်ပဲ ထွက်လာမှာ။ စားတဲ့ စားဆီလောက်ပဲ ထွက်လာမှာ။ တစ်မိသားစုလုံးအတွက်တော့ မဖူလုံဘူး။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ဝန်ထမ်းတွေကို ထောက်ပံ့မှုတွေပေးသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့မှုကို အောက်တိုဘာလကုန်မှစတင်ပြီး စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမြဲတမ်း ဝန်ထမ်းတိုင်း ရရှိမှာဖြစ်ပါတယ်။

“လကုန်ကျရင် စရမယ်။ လစာတိုးတဲ့သဘောမဟုတ်ပဲ အပြင်ကနေ အပိုအနေနဲ့ စားစရိတ် ထပ်ထောက်ပံ့တဲ့သဘောမျိုးပဲ။”လို့ စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းတစ်ဦးက ဆိုပါတယ်။

အခုလို ထောက်ပံ့မှုတွေပေးတယ်ဆိုပေမယ့် အမည်တစ်ခုသာရှိနေပြီး ထိရောက်မှုမရှိနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

“တိုးပေးလည်း မထူးဘူး။ မတိုးပေးလည်း မထူးဘူး။ ဒုံရင်းက ဒုံရင်းပဲ ပြောရမယ်ဆိုရင်။ အခုကုန်စျေးနှုန်းနဲ့ ယှဥ်ကြည့်ရင် ဒါက ဘားမှမပြောပလောက်ဘူး။ ကလေးမုန့်ဖိုး။ ကလေးတွေတောင်မှ တစ်ရက်ကို မုန့်ဖိုးနှစ်ထောင်ကုန်နေတယ်ဆိုတော့ ဘားမှမထူးခြားဘူး။”လို့ သူက ဆိုပါတယ်။

အခုလို ထောက်ပံ့မှုတွေဟာ ကုန်စျေးနှုန်းတွေကိုပိုမိုမြင့်တက်လာစေနိုင်ပြီး ဝန်ထမ်းမဟုတ်တဲ့ ပြည်သူတွေအတွက် ပိုမိုခက်လာစေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ‌ဝေဖန်ကြပါတယ်။

spot_img
spot_img