spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက အရပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်၊ ကလေးသုံးဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်နေ့) မှာ ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ လူထုတွေနေထိုင်တဲ့ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဩဂုတ်လ ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖရူဆိုမြို့ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဖက်ကနေ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ် ၃ဦးမှာ အသက် ၈ နှစ်အရွယ်၊ ၉ နှစ်အရွယ်၊ ၁၀နှစ်အရွယ်တို့ ဖြစ်ကြပြီး ကလေးတစ်ဦးမှာ အနည်းငယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားနေထိုင်တဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခြင်းတွေ ပြုလုပ်နေပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ရန်သူသဖွယ် ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်လျက်ရှိတယ်လို့ KNDF က ဆိုပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ ဒီးမော့ဆို- ဖရူဆိုမြို့ကို ဦးတည်တဲ့ ပြည်ထောင်စုလမ်းမကြီးတစ်ကြောနဲ့ အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။

spot_img
spot_img

Recent posts