spot_img
Sunday, October 1, 2023
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်က ဒေါညေးခူကျေးရွာက နေအိမ် ၁၃ လုံး ဝန်းကျင် မီးရှို့ဖျက်ဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ ပြည်သူတွေရဲ့ နေအိမ်ကို ၂၄ ရက်နေ့နဲ့ ၂၅ရက်နေ့ ၂ ရက်အတွင်း အိမ် ၁၃ လုံးဝန်းကျင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ မီးလောင်မှုကို တွေ့မြင်ခဲ့ရသူတစ်ဦး က ပြောပါတယ်။

“ကျတော်တို့တွေ့တဲ့အချိန်ကတော့ သူတို့ က ဒီ‌ဒေါညေးခူရွာကို ဝင်စီးနိုင်ခဲ့တာပေါ့နော်။ ကာကွယ်ရေးတပ်တွေက တပ်ဆုတ်သွားပြီဆိုတော့ သူတို့က ထိန်းထားနိုင်တယ်ဆိုပြီးတော့ အဲ့ဒီဘုရားကျောင်းနားနဲ့တူတယ် သူတို့တပ်စွဲပြီးမှပဲ နောက်တစ်မနက်တော့ ကျတော်တို့ ဒီ ဒရုန်း အစောပိုင်းသူမီးရှို့တယ်။ ဒီတွေ့ထားတဲ့ ဗီဒီရိုဖိုင်အတိုင်းပေါ့နော်။ မနက်ပိုင်းမီးရှို့တာက လူလိုက်ရှာတယ်။ တစ်ယောက်တွေ့လိုက်တယ် ဒါပေမဲ့ မှတ်တမ်းမရခဲ့ဘူး။ မိအောင်မရိုက်နိုင်ခဲ့ဘူးပေါ့နော်။ နောက် ဒီနေ့ခင်းပိုင်း ၄ နာရီဝန်းကျင်လောက်ပေါ အဲ့ချိန်မှာခါကျတော့ သူမီးရှို့တာ ဒီ ဘယ်လိုပြောမလဲ အိမ်ထဲကနေ ဆန်စက်ရုံကို မီးရှို့တဲ့ ဆိုင်ပေါ့နော်။ နှစ်ယောက်သား မီးခိုးစထွက်တော့ မြင်လိုက်တယ်။ ဒါပေမဲ့ မထင်ဘူး အထဲမှာ သူတို့ရှိလိမ့်မယ်မထင်ဘူး။ စောင့်လိုက်တော့ Video Record ရအောင်ယူလိုက်မယ်ဆိုပြိး ရအောင်ယူလိုက်တာပေါ့နော်” လို့ အဆိုပါမျက်မြင်သက်သေက ဆိုပါတယ်။

သြဂုတ်လ ၂၄ရက် ညနေစောင်းမှာ ၂လုံး၊ သြဂုတ်လ ၂၅ ရက်မနက်ပိုင်းမှာ ၄ လုံး နဲ့ ညနေပိုင်းမှာ ၇ လုံး ဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ် (၂) ရက်နေ့ ကစပြီး ဒီးမော့ဆိုကနေ ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထီးပေါ်ဆိုကျေးရွာမှာ နေအိမ် (၅) လုံးနဲ့ ဒေါညေးခူကျေးရွာ နေအိမ် (၂) လုံး စုစုပေါင်း (၇) လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် က သြဂုတ်က ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာလည်း ရှိပါတယ်။

Recent posts