spot_img
Wednesday, August 17, 2022
spot_img

စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ လွိုင်ကော်မြို့က ဂရုဏာဆေးခန်း ပိတ်သိမ်းခံလိုက်ရ

spot_imgspot_imgspot_imgspot_img

ဒီကနေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ကစ်သလစ်ဘုရားကျောင်းဝန်းကို ရဲ၊ စစ်သား ပူးပေါင်းတဲ့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီးနောက် ကျောင်းဝန်းထဲမှာဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းပိတ်သိမ်းခံလိုက်ရတယ်လို့ တိကျတဲ့ သတင်းရင်းအမြစ်ဆီကနေ သိရပါတယ်။

“ဆေးခန်းကိုတော့ပိတ်လိုက်ပြီ မလုပ်ခိုင်းတော့ဘူး လူနာအားလုံးကို ပြည်သူ့ဆေးရုံနဲ့ စစ်ဆေးရုံမှာ ကုရင်လည်း သွားကုရမယ်ဆိုတဲ့သဘောမျိုးထွက်လာတယ်။ ဂရုဏာဆေးခန်းကိုတော့ပိတ်လိုက်ရပြီပေါ့။” လို့ သတင်းရင်းမြစ်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မနက်ပိုင်းမှာ ဘုရားကျောင်းဝန်းထဲကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေ့ခင်းပိုင်းမှာ ဂရုဏာဆေးခန်းမှာတာဝန်ထမ်းဆောင်တဲ့ ဆရာဝန်၊ သူနာပြု၊ စစ်စတာတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိမှာ ကျောင်းတိုက်ဘုန်းတော်ကြီးနဲ့ သီလရှင်အကြီးပိုင်းက ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူဦးရေ ၁၀ဦးအထက်ရှိနိုင်ပြီး အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

“ဘုန်းတော်ကြီးအကြီးပိုင်းနဲ့ သီလရှင်အကြီးပိုင်းကို သူတို့ခေါ်ပြီးစစ်နေတာလား ဆွေးနွေးနေတာလားတော့ မသဲကွဲဘူး။ ကျောင်းထဲမှာလည်း တချို့ရှိသေးတယ် အစောင့်စစ်သားတွေရှိသေးတယ်။ ဘုန်းကြီး၊ သီလရှင်တို့ စစ်ရှောင်တို့ လည်း စုတဲ့နေရာကနေ သူတို့အဆောင်ကိုပြန်မရောက်သေးဘူးလို့ အဲ့လိုတော့ သတင်းနောက်ဆုံးရထားတယ်။ ဘယ်မှာစစ်လဲ ညှိနှိုင်းလဲဆိုတာတော့ အတိအကျတော့ မပြောနိုင်ဘူး။”လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆေးခန်းက အရေးကြီးလူနာတွေနဲ့ ကိုဗစ်လူနာတွေကို လွိုင်ကော်ပြည်သူ့ဆေးရုံနဲ့ စစ်ဆေးရုံမှာ သွားရောက်ကုသဖို့အတွက် ပရဟိတအသင်းကားနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းဝန်းအတွင်းမှာဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းက ဆေးခန်းလိုင်စင်ပဲရှိပြီး ဆေးရုံလိုင်စင်မရှိသလို ခွင့်မပြုထားတဲ့အတွက် အတွင်းလူနာထားခွင့်မရှိတဲ့အကြောင်း စစ်ကောင်စီတာဝန်ရှိသူတွေက ပြောဆိုသွားတယ်လို့ သိရပါတယ်။

ဂရုဏာဆေးခန်းမှာ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါရှိသူ အများစုလာရောက်ပြသတာဖြစ်ပြီး မွေးလူနာ၊ ခွဲလူနာလည်း ရှိသလို ကိုဗစ်စင်တာလည်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်မှ ဘုရားကျောင်းဝန်းအတွင်း ဂရုဏာဆေးခန်းကို ဝင်ရောက်စီးနင်းပြီး ဆရာဝန်၊ သူနာပြု၊ စစ်စတာ၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ အပြင်းအထန်ရှုံချထားပြီး စစ်ကောင်စီတပ်ကို အမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်တိုက်ခိုက်သွားမယ်လို့ ဒီကနေ့ ညပိုင်းမှာ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

KNDF မှာ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍ အပေါ် အတွင်းရေးမှူး ၃  ခူးရီးဒူနှင့် မေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) https://www.youtube.com/watch?v=p-MvzthlhGc ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးထဲမှာ အမျိုးသမီး ပါဝင်မှုနှုန်းက များပြားနေတာကို တွေ့ရပါတယ်။ တော်လှန်ရေး အင်အားစုတွေ အထဲက စစ်ကောင်စီနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) မှာလည်း အမျိုးသမီးရဲဘော်ပါဝင်မှုများပြားနေပါတယ်။ ဒီတော်လှန်ရေးမှာ အမျိုးသမီး ပါဝင်မှုအခန်းကဏ္ဍက ဘယ်လိုရှိနေပါသလဲဆိုတာကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်...

ကရင်နီအမျိုးသားခုခံတော်လှန်ရေး​နေ့မှာ (KNPP) အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် ရီမာန်ထူးနဲ့ တွေဆုံမေးမြန်းခြင်း

https://youtu.be/RCXetUa48n4 ဒီကနေ့ ဩဂုတ်လ (၉)ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး (၇၄)နှစ်ပြည့်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဆရာကြီး ရီမာန်ထူး နဲ့ ကန္တာရဝတီတိုင်း(မ်) ကတွေ့ ဆုံမေးမြန်းထား ဖြစ်ပါတယ်။ ကရင်နီအမျိုးသားခုခံတော်လှန်ရေးဆိုတာ ဘာလဲ၊ ဘယ်လိုကြောင့်...

ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အပေါ် မှာ KNDF ရဲ့ အတွင်းရေးမှူး ၃ ခူးရီးဒူနဲ့ တွေ့ဆုံမေးမြန်းခြင်း

https://youtu.be/v7JwtpK3p80 ဩဂုတ်လ (၉)ရက်နေ့မှာ ကျရောက်မယ့် (၇၄) နှစ်ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ နဲ့ ပတ်သက်ပြီး လက်ရှိတော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အတွင်းရေးမှူး (၃) ဖြစ်တဲ့ ခူးရီးဒူ နဲ့ ကန္တာရဝတီတိုင်း(မ်) က တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းမှုမှာ - နှစ်ပေါင်း...

မယ်စဲ့မြို့နယ်မှာ ကြားကာလပညာရေးကျောင်းဆင်းပွဲပြုလုပ်

https://youtu.be/U1fvMhEDt1U ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် မယ်စဲ့မြို့နယ်တွင်းတစ်နေရာမှာ ကြားကာလပြည်သူ့အခြေပြု ပညာရေးကျောင်းဆင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံ ဆရာများသမဂ္ဂမှ ဩဂုတ်လ ၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ကျောင်းသား ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ ကြားကာလ ကိုယ်ထူကိုယ်ထပညာရေးကျောင်း တစ်နှစ်တာပြီးဆုံးကြောင်း ကျောင်းဆင်းပွဲ နဲ့ ယာယီအတန်းကူးပြောင်းလက်မှတ်ပေးအပ်ပွဲကို ဇူလိုင်လ ၂၉ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ CDM...