spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာအတွင်း ထောင်ထားခဲ့တဲ့ မိုင်းတွေကို KNDF B-02 ရှင်းလင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့အတွင်းရှိ စစ်ကောင်စီတပ်မှ တစ်လခွဲခန့် တပ်စွဲခဲ့တဲ့ တောင်ကုန်းတစ်ခုမှာ ထောင်ထားတဲ့ မိုင်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-02 က မတ်လ ၁၈ ရက်နေ့မှာ သွားရောက်ရှင်းလင်းခဲ့ပါတယ်။

” ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ပစ်ပြီးတော့ သူတို့မနေတော့ပဲ ပြန်ဆုတ်ခွာသွားတယ်ပေါ့။ အဲ့ဒီကုန်းကို ပြန်ဆုတ်ခွာသွားပြီးတော့ အဲ့ဒီဆုတ်ခွာသွားတဲ့ကုန်းကို ကျနော်တို့ B-02 က ရဲဘော်တွေက သွားရှင်းတာပေါ့။ အဲ့ဒီကုန်းမှာ သူတို့မရှိတော့ဘူးဆိုပြီးတော့ သွားရှင်းတဲ့အပေါ်မှာ ကုန်းပေါ်တက်တဲ့အခါကျတော့ သူတို့ ထောင်ထားတဲ့ မိုင်းတွေတွေ့တာ ဒီလိုမျိုးပါပဲ။ ဒါပါပဲ။ “လို့ KNDF ဦးဆောင်ကော်မတီဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

၁၆ မိုင်း ၈လုံးနဲ့ ၁၄ မိုင်း ၆လုံးကို တွေ့ရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့သလို ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူ ၅ ဦး အထိ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG) ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီ ဝင်ရောက်စီနှင်း ခဲ့တဲ့ ကျေးရွာ မှာ မြေမြှုပ်မိုင်း အလုံး ( ၃၀ ) ကို တွေ့ရှိခဲ့တယ်လို့ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေး မြန်မာ/ဗမာ နိုင်ငံ ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် (၉၇) ခုမှာလည်း မိုင်းပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ခံစားနေရပြီး အဓိကအားဖြင့် လူတွေကို ပစ်မှတ်ထားထိခိုက်စေတဲ့ မိုင်းတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – RO Man ( KNDF B- 02 )
ဓာတ်ပုံ – RO Man ( KNDF B- 02 )
ဓာတ်ပုံ – RO Man ( KNDF B- 02 )
ဓာတ်ပုံ – RO Man ( KNDF B- 02 )
spot_img
spot_img