spot_img
Friday, March 24, 2023
spot_img

စစ်ကောင်စီတပ်မှ ပြည်သူပိုင် တိရိစ္ဆာန်တွေကို ခိုးယူသတ်ဖြတ်တာတွေ လုပ်ဆောင်နေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့၊ ထီးကူးဆို ရပ်ကွက်အတွင်းက ဒေသခံတွေရဲ့ နွားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ ခိုးယူသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(စက်တင်ဘာ ၂၄ရက်)မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံပြည်သူတွေရဲ့ နွားတွေကို ခိုးယူသတ်ဖြတ်ပြီး ဆိုင်ကယ်သုံးစီးနဲ့ သယ်ဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ ၁၀ဦး ကို ယမန်နေ့ ည ၄နာရီအချိန် KNDF တပ်ရင်း ၁၅နဲ့ တပ်ရင်း ၄ တို့တွေ့ရှိပြီးနောက် မိနစ်အနည်းငယ်နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်က ၎င်းတို့သယ်ဆောင်ခဲ့တဲ့ နွားအသေတွေနဲ့အတူ ဆိုင်ကယ်နှစ်စီးထားခဲ့ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ထီးကူးဆို ရပ်ကွက်ဟာဆိုရင် စစ်ကောင်စီတပ်ရဲ့ ရမ်းတမ်းပစ်ခတ်မှု၊ ဖမ်းဆီးမှုတွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြတာ တစ်နှစ်ကျော်ကြာမြှင့်နေပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကနေပြီး လူသူမရှိတော့တဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးတာတွေ၊ တန်ဖိုးရှိပစ္စည်းယူဆောင်တာတွေ၊ တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ နေ့စဉ် လုပ်ဆောင်လျက်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

ပုံစာ – စစ်ကောင်စီမှ သတ်ဖြတ်ထားသော ပြည်သူနွားများကို KNDF မှ ရှင်းလင်း

Related Stories