spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီး၊ လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာနဲ့ သေးဆူလဲ ကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်မှုရှိသလို လူသားဒိုင်းကာအဖြစ် အသုံးပြုမယ့်သဘောရှိပြီး နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းယူဆောင်သွားမှုရှိခဲ့သလို မူးယစ်ဆေးဝါးသုံးစွဲတဲ့ပစ္စည်းကျန်ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမဆိုင်ဘဲနဲ့ ညောင်ကုန်းရွာကို စစ်ကောင်စီက လူငယ်၃ ယောက်ဖမ်းသွားတယ် လူသားဒိုင်းကာအဖြစ် အသုံးပြုမယ့်သဘော စစ်ကြောင်းမှာရှိတယ်ပေါ့ ငွေတောင်က ညောင်ကုန်းရွာမှာဖြစ်တဲ့တစ်ခု၊ နောက်တစ်ခုကတော့ ကုန်းသာမှာနေအိမ် ၄ လုံးကို အကြောင်းမဲ့မီးရှို့သွားတယ် အဲ့ဒါလည်းတစ်ခု၊ နောက်တစ်ခုက ဒီမနက် သေးဆူလဲမှာ ပစ်တော့ ဓမ္မအိမ်တွေလည်း ပျက်စီးသွားတယ်လေ စစ်ကောင်စီဖက်က ရမ်းသန်းလုပ်တဲ့ဟာတွေပဲကော တစ်ရွာလုံး စစ်ကောင်စီမဖောက်တဲ့အိမ်မရှိတော့ဘူး အခုက။ ဒီကောင်တွေ မူးယစ်ဆေးဝါးသုံးတဲ့ ပစ္စည်းတောင်ကျန်ခဲ့တယ် ဒါက လောလောဆယ် အခြေအနေပါ။ လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အတည်မပြုနိုင်တဲ့ နေအိမ်ပျက်စီးမှု ၄လုံးထက်မက ရှိနိုင်ပြီး နေ့စဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဖက်ကို ကားငယ်တစ်စီးဖြတ်သန်းသွားလာရာမှ စစ်ကောင်စီတပ်မှ ပစ်ခတ်ကာ ကားမီးရှို့ခဲ့ပြီး သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ KNDFကဆိုပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၆ရက်နေ့မှာလည်း နံနက်ပိုင်းကနေ နေ့ခင်း ၁နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရှိရသေးပါဘူး။

spot_img

Recent posts