spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်ရဲ့ ပွန်ချောင်းတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၇၂ ခြေလျင်တပ်ရင်း၊ ပွန်ချောင်းတပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပွန်ချောင်းတပ်စခန်းအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကို မေးမြန်းရာမှာ “သိမ်းလိုက်ပြီလေ၊ ရသွားပြီနော။” လို့ ပြန်လည်ဖြေကြားထားပါတယ်။

အဆိုပါ စခန်းကို စစ်ကောင်စီတပ် ဗိုလ်ကြီး နေလင်းအောင် ဦးဆောင်ပြီး အင်အား ၂၅ ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာမှာ သေဆုံးသူတွေလည်းရှိနေပြီး ဦးဆောင်သူ ဗိုလ်ကြီး နေလင်းအောင်ကိုတော့ ဖမ်းဆီးရမိထားတယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က ပေးပို့တဲ့အချက်အလက်အရ သိရှိရပါတယ်။

“သူတို့စခန်းက သူတို့ ပြန်မဆုတ်ခင်မှာ စခန်းမှာရှိတဲ့ ရိက္ခာတွေပေါ့ ဆန်၊ ဆီ၊ ဆားတို့ အကုန်လုံးကို ဖျက်ဆီးခဲ့တယ်။ ပြီးတော့မှ ကျည်ဆန်တွေကိုလည်း ပွန်ချောင်းထဲမှာ ပစ်ချခဲ့တာတွေ ရှိတယ်။ ကျန်ခဲ့တဲ့ လက်နက်တွေတော့ ဒီ တော်လှန်ရေးအင်အားစုဖက်က သိမ်းဆည်းရတယ်။” လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့မှာ သူမြင်တွေ့ခဲ့ရတာတွေကို သတင်းပေးပို့လာတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ၁ လေးလုံး မြို့ပြစစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ဆင်နွှဲခဲ့ကြပြီး စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ တပ်စခန်း၊ နေရာတွေကို သိမ်းပိုက်ရရှိထားပါတယ်။ စစ်ဆင်ရေး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု များပြားနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းကိုသာ အားထားပြီး နေ့စဉ်အသုံးပြု ပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts