spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေ ပြောင်းရွေ့နေတယ်ဆိုတဲ့ သတင်းတွေကြောင့် လွိုင်ကော်မြို့နေ ပြည်သူများ စိုးရိမ်နေကြ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေ ပြောင်းရွေ့နေပြီး ဇွန်လ၂၈ ရက်နေ့နောက်ပိုင်း ထူးခြားတဲ့ ပြောင်းလဲမှု ရှိလာနိုင်တယ်လို့ ဇွန်လ ၂၃ရက်နေ့မှာ လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် လွိုင်ကော်မြို့နေ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

“ယနေ့ ကယား ပြည် လေယာဉ် ၆ စင်း ဆင်းတယ်။ ၁ စီးပဲ ခရီးသည် ပါ ကျန် ၅ စီး စခ( စစ်ကောင်စီ ) တွေပါပဲ အကုန် စစ်သား မယားတွေကိုလဲ အရေးကြီးတဲ့ စာရွက်စာတန်းတွေ သိမ်းခိုင်းပြီး နေရာပြောင်းရွေ့ခိုင်းတယ်။ ဌာန ဆိုင်ရာတွေကိုကော ဒီမနက် အထုတ်အပိုးတွေနဲ့ တွေ့တာ ပြောင်းရွေ့ကြတာပါ။ ၂၈ ရက်နေ့ ကရင်နီပြည် တစ်ခုခု ထူးခြားမယ်လို့ စစ်ကောင်စီဖက်က သတင်းလွှင့်ထား အများပြည်သူများလဲ အထူး သတိထားကြပါဗျ။” လို့ ရေးသားထားတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းဟာ ဖေ့ဘွတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတာပါ။

ဒီလိုပြန့်နှံ့လာတဲ့ သတင်းဟာ မှန်ကန်မှုရှိ၊ မရှိကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

“လေယာဥ်တွေတော့ ပျံပျံနေတာတွေ့တာပဲ စစ်သားတွေ တင်မတင်တော့မသိဘူးလေ။ ဒီတစ်ခါစစ်ဖြစ်ရင်တော့ ဘယ်ပြေးရမလဲမသိတော့ဘူး။” လို့ လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပါတယ်။

သို့ပေမယ့် ရဟတ်ယာဉ်မကြာခဏ အတက်အဆင်းပြုလုပ်ပြီးနောက် လွိုင်ကော်မြို့နယ်ထဲက စစ်ကောင်စီတပ်ထဲမှာ နယ်ခံမဟုတ်တဲ့ စစ်သားတွေကို အများအပြားတွေ့ရှိရတယ်လို့ တပ်မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

လွိုင်ကော်မြို့အတွင်း မှာနေထိုင်နေတဲ့ ပြည်သူတွေကတော့ လက်နက်ကြီးပစ်ခတ်သံတွေကို မကြာခဏ ကြားနေရတယ်လို့ ဆိုပါတယ်။ လက်ရှိ ကရင်နီပြည်ရဲ့ တခြား တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ် တော်တော်များများက စစ်ဘေးရှောင်တွေဟာလည်း လွိုင်ကောာ်မြို့မှာ လာရောက် ခိုလှုံနေကြရပါတယ်။

‘’၂၈ ရက်နေ့ကြရင် တစ်ခုခု ထူးခြားမယ်လို့ပြောနေကြတယ်။ ဘာဖြစ်မှာလဲတော့မသိဘူး။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထာားတာတော့ မမှားဘူးပေ့ါ။ စစ်တွေမဖြစ်စေချင်ပေမဲ့ ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မလဲ ၊ ကိုယ်မှတာားမရပဲ။ ‘’ လို့ လွိုကော်ဒေသခံတစ်ဦးက ပြောကြားပါတယ်။

လက်ရှိလွိုင်ကော်မြို့အတွင်း စစ်ကောင်စီမှ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရဟတ်ယာဥ်တွေ မကြာခဏပျံသန်းနေတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

spot_img

Recent posts