spot_img
Sunday, April 2, 2023
spot_img

စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး အသက် ၁၀နှစ်အရွယ်ကလေးကိုထိမှန်သေဆုံး၊ မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး၊ တိုက်လေယာဉ်နှစ်စီးဖြင့် နာရီဝက်ကြာ ဗုံးကျဲတိုက်ခိုက်ခဲ့

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ၈ ရက်နေ့မှ ၉ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး လူရှိရာနေရာကျရောက်ခဲ့ပြီးနောက် အသက် (၁၀)နှစ်အရွယ် ကလေးတစ်ဦးထိမှန်သေဆုံးနေတာကို ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်စဉ် တွေ့ရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးက ဒီကနေ့ စက်တင်ဘာလ ၉ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ ဝါရီဆူးပလိုင်ဖက်မှ မိုးဗြဲမြို့ကို အင်အား ၁၀၀နီးပါး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုးဗြဲမြို့ ပွဲကုန်း (၃) ရပ်ကွက်အနီးမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၃၀ ကျော်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တဲ့အတွက် လက်နက်ကြီးအလွန်အကျွံ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်သားအထိနာတဲ့အတွက် ဒီကနေ့ စက်တင်ဘာလ ၉ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်မှာ စစ်ကောင်စီဖက်က လေကြောင်းအသုံးပြုပြီး တိုက်လေယာဉ်နှစ်စီးနဲ့ နာရီဝက်ကြာ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့က MA-1 သေနတ် (၂)လတ် ၊ MA -2 (၃)လတ်၊ MA-3 သေနတ် (၄)လတ် ၊ MG-3 စက်သေနတ် (၁)လတ်၊ လက်နက်ကြီးကျည်များ၊ ခဲယမ်းနဲ့ အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က လက်နက်ကြီးအလွန်အကျွံအသုံးပြုပြီး လူနေရပ်ကွက်ထဲ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး မိုးဗြဲမြို့အတွင်း ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် မိုးဗြဲမြို့ကို ပြည်သူတွေအနေနဲ့ဖြတ်သန်းသွားလာခြင်းမပြုလုပ်ဖို့ KNDF က အသိပေးထားပါတယ်။

မိုးဗြဲတိုက်ပွဲမှာတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ KNDF B- 03 ၊ B- 11 ၊ ကရင်နီတပ်မတော် KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ URF တို့ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ KNDF က ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...