spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီမှ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါငံခါးတံတားနဲ့ ဆောက်လုပ်ရေးရုံးမီးလောင်တယ်လို့ KPDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီမှ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်ရှိ အများပြည်သူပုံမှန်အားထားသွားလာနေရတဲ့ တံတား ပျက်စီးသွားပြီး ဆောက်လုပ်ရေးရုံးတစ်ရုံး မီးလောင်သွားတယ်လို့ မေလ၂၂ရက်နေ့ ၂နာရီမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) က ထုတ်ပြန်ထားပါတယ်။

” သူတို့ ရမ်းပစ်နေတာလေ ခုနကပဲ 1:47 မိနစ်လောက်က” ဒေါငံခါးရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

ယမန်နေ့(မေလ ၂၁ရက်)က ဒေါငံခါးရပ်ကွက်မှာ စစ်ကောင်စီအုပ်စုဖက်က ကျူးကျော်ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြန်လည်ခုခံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မေလ၂၂ရက် မှာတော့ နေ့ခင်း ၂ နာရီကျော်အထိ တစ်စုံတစ်ရာ ပစ်ခတ်မှုမရှိသေးသော်လည်း ဒီမော့ဆိုမြို့ ရပ်ကွက်အချို့တွေမှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ပြောဆိုနေကြပါတယ်။

Photo – KPDF
spot_img
spot_img

Recent posts