spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေကြောင့် ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တချို့ နေရပ်ပြန်စစ်ရှောင်ကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်ဘက်ကို စစ်ရှောင်နေကြတဲ့ ကရင်နီစစ်ရှောင်တချို့ဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကရင်နီပြည်ဘက်ကို ပြန်လည်ရွေ့ပြောင်းလာသူတွေ ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မှာရှိတဲ့ ကရင်နီစစ်ရှောင်တွေကို လက်ခံထားသူတွေနဲ့ ကူညီသူတွေကို စစ်ကောင်စီတပ်တွေက ခြိမ်းခြောက်တာ၊ မတရားစွပ်စွဲ ဖမ်းဆီးတာတွေကြောင့် ကရင်နီစစ်ရှောင်တွေက နေရပ်ပြန်စစ်ရှောင်ကြရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ တခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီကိုဗစ်ရဲ့အခြေအနေက ပြန်ငြိမ်သွားတဲ့အချိန်ကျတော့ ဒီ စကစဖက်က ဘယ်လိုပြန်ဖိလဲဆိုတော့ တော်လှန်ရေးထဲမှာပါတဲ့ ပရဟိတ ဖြစ်စေ၊ မပါတဲ့ ပရဟိတ ဖြစ်စေ သူတို့တွေက တော်လှန်ရေးလုပ်နေတယ်ဆိုတဲ့ ပုံစံနဲ့ ဖမ်းဆီးတာမျိုးတွေရှိလာတယ်။ နောက် အဲ့ဒါအပြင် ပြည်သူတွေပေါ့နော် ပြည်သူတွေ ဆိုလည်း အိမ်ပေးငှားတဲ့သူတွေရှိတယ်။ အလကား‌ ပေးနေတဲ့ သူတွေရှိတယ်။ အခကြေးငွေလျှော့ပြီးမှ ပေးငှားတဲ့ သူတွေရှိတယ်။ အဲ့လို လူတွေကိုယ်တောင်မှ ခြိမ်းခြောက်တာမျိုးတွေ ဖမ်းဆီးတာမျိုးတွေ နောက်ပြီးတော့ ဒဏ်ငွေတောင်းတာ လုပ်လာတဲ့ အခါမှာ ပြည်သူတွေ ရဲ့ အကြောင်းတရားပေါ့နော်။ အကြောက်တရားကို အသုံးချပြီးအဲ့လိုလုပ်ကြတယ်။ လုပ်ကြတော့ ဘယ်လိုဖြစ်လဲဆိုတော့ တချို့က အိမ်ပေးမငှားရဲကြတော့ဘူး။ တချို့ကြတော့လည်း ပေးမနေရဲတော့တာတွေ ဖြစ်လာတပေါ့နော်။ အဲ့ဒီချိန်မှာ ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင် ပြည်သူတွေအချင်းချင်းကြား အထင်လွဲမှုတွေဖြစ်ပွားခဲ့တာပေါ့နော်။”လို့ စစ်ရှောင်ကူညီရေးအဖွဲ့ တစ်ခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်ကစပြီး ပြည်နယ်ချင်းထိစပ်တဲ့ ရှမ်းပြည်နယ်ကို သွားရောက်စစ်ရှောင်နေသူ ၄၀၀၀ ခန့်ရှိပြီး လက်ရှိမှာတော့ နေရပ်ပြန်စစ်ရှောင်ကြသူရှိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာ ကရင်နီစစ်ရှောင် ၂၀ ရာခိုင်နှုန်းလောက်သာ ကျန်ရှိနေတော့တယ်လို့ ဖယ်ခုံစစ်ရှောင်ကော်မတီက ခန့်မှန်းပြောဆိုထားပါတယ်။

“ရာခိုင်နှုန်းက ၁၀လောက်တော့ ကျော်မယ်ထင်တယ်။ ၁၀၊ ၂၀လောက်ရှိမယ်ထင်တယ်။ ပုံမှန်အနေအထားကြည့်မယ်ဆိုရင်တော့ ၂၀ ရာခိုင်နှုန်းတော့ရှိမယ်”လို့ ဖယ်ခုံစစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူအချင်းချင်းကြားသွေးကွဲအောင် လှုံ့ဆော်ဖန်တီးတာ၊ စစ်ရှောက်ကူညီသူတွေ၊ လက်ခံထားသူတွေကို ခြိမ်းခြောက် ဖမ်းဆီးတာတွေရှိနေတာကြောင့်လည်း ကရင်နီစစ်ရှောင်တွေဟာ သတိကြီးစွာ နေထိုင်ကြရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts