spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားနှစ်ဦး နှိပ်စက်ခံရ

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ရက်နေ့ ဘောလခဲမြို့နယ်မှာ နှမ်းစိုက်ခင်းကအပြန် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှ အရပ်သားဒေသခံနှစ်ဦးဟာ စစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရပြီးနောက် ၇နာရီအကြာမှာ ပြန်လွှတ်မြောက်လာတယ်လို့ ဖမ်းဆီးခံရသူနှစ်ဦးနဲ့နီးစပ်သူထံကနေ သိရပါတယ်။

“၂၁ရက်နေ့ မနက်(၁၀)နာရီမှာ သူတို့ကို ဖမ်းဆီးတယ်။ နောက်ပြီး သူတို့ကိုတပ်ထဲမှာခေါ်သွားပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်တယ်ပေါ့ ဒီအကြမ်းဖက်စစ်ကောင်စီတွေက။ ၇ နာရီကြာ သူတို့တပ်ထဲမှာ ထိန်းသိမ်းဖမ်းဆီးခဲ့တယ် ပြီးတာနဲ့ ၂၁ရက်နေ့ ညနေ ၆နာရီမှာ သူတို့ကို ပြန်လွှတ်ပေးတာပေါ့။
အဲ့ရက်က တိုက်ပွဲဖြစ်တယ် တိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာ သူတို့က ပြန်လာတဲ့လမ်းမှာပဲ စစ်သားတွေက မသင်္ကာလို့ သူတို့နှစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာပေါ့။ သူတို့နှစ်ဦးကို KA နဲ့ KNDF ကဆိုပြီးတော့မှ ဖမ်းဆီးနှိပ်စက်တာပေါ့။ ခု အိမ်မှာပဲ ဆေးကုသမှုခံယူနေတာပေါ့။ လိုအပ်တဲ့ဆေး ယူပြီးတော့လိမ်းတယ် အဲလောက်ပါပဲ။” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးနှိပ်စက်ခံရသူနှစ်ဦးမှာ အသက် ၃၂နှစ်အရွယ် နဲ့ ၂၇နှစ်အရွယ် အမျိုးသားတွေဖြစ်ကြပါတယ်။ နှမ်းခင်းကအပြန် ဘောလခဲမြို့ပြင်ဖက် လေးထပ်တိုက်မှာ စစ်ကောင်စီအင်အား ၆၀ကျော်က လက်နက်အပြည့်အစုံနဲ့ ဖမ်းဆီးပြီး တပ်ထဲခေါ်သွားကာ နှိပ်စက်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မေးမြန်းစဉ်က မျက်လုံးပိတ်လက်ကြိုးတုတ်တာ ဓါးထောက်ပြီး နှိပ်စက်တာ ဒုတ်နဲ့ရိုက်နှက်တာ မျက်နှာကိုထိုးကြိတ်တာ ဆေးလိပ်မီးတို့တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ဘောလခဲမြို့အဝင် လေးထပ်တိုက်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်အပါအဝင် ကင်းပုန်းဂိတ်စခန်း ၃ နေရာကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၇ ဦး သေဆုံးကာ ၇ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးကို ပြည်သူလူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ KNDF က တိုက်တွန်းထားတာရှိပါတယ်။

spot_img
spot_img