spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုက အချိန်ခါကောင်းမဟုတ်ကြောင်း KNPP ထုတ်ပြန်

Author

Date

Category

မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကနေပြီး ဖိတ်ခေါ်မှုတွေဟာ တစ်နိုင်ငံလုံးလွမ်းခြုံမှုမရှိသလို၊ နိုင်ငံရေး အကြပ်အတည်းတွေကို ကြိုးစားဖြေရှင်းဖို့ အတွက် မဟုတ်တာကြောင့် တွေ့ဆုံဖို့ အချိန်ကောင်းမဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က မေလ ၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို သဘောတူလက်ခံတဲ့ အင်အားစုအားလုံး ဖိတ်ခေါ်ဖို့ လိုအပ်တယ်လို့ လည်းပါရှိပါတယ်။ တစ်နိုင်ငံလုံး တော်လှန်နေတဲ့ အင်အားစုအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာဖို့အတွက် KNPPကနေပြီး အချက်(၃)ချက် တောင်းဆိုထားပါတယ်။

“ တောင်းဆိုရတဲ့ အကြောင်းရင်းက ဒီတောင်းဆိုချက်တွေ သူတို့ က ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေ ပေါ့နော။ ဥပမာ စစ်ရပ်ဆိုင်းရမှာတို့ စစ်ပြန်ရုတ်ရမှာတို့ အဲ့တာတွေက သူတို့လုပ်မှ ယုံကြည်မှုရမှာပေါ့။ သူတို့ အခုက ငြိမ်းချမ်းရေး ကလည်း ခေါ်နေတယ်။ ဆွေးနွေးပွဲကလည်း ခေါ်နေတယ်။ တစ်ဖက် မှာ စစ်ဆင်ရေးလုပ်နေတယ်။ ဘယ်သူ က ယုံကြည်မလဲပေါ့နော။ အဲ့တာတော့ သူတို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ က ခုဏ တောင်းဆိုချက်တွေ ဖြစ်တယ်။ “ လို့ KNPP အတွင်းရေးမှူး (၁) ခူဒယ်နီယာယ်က ပြောပါတယ်။

တောင်းဆိုချက်တွေထဲမှာ စစ်ကောင်စီတပ်ကနေပြီး စစ် ရပ်ဆိုင်းဖို့၊ စစ်ရှောင်တွေကို ကူညီမယ့် နိုင်ငံတကာ ကူညီပံ့ပိုးတဲ့ အဖွဲ့ အစည်းတွေကို တရားဝင်လွတ်လပ်စွာ ကူညီဆောင်ရွက်ခွင့်ပြုဖို့ အပြင် မတရားသတ်ဖြတ်ခံရတဲ့ လူထုတွေအတွက် စစ်ကောင်စီတပ်က ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့အတွက် မေလ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက တွေ့ဆုံဆွေးနွေးဖို့ အသိပေးဖိတ်ခေါ်စာပေးပို့လာတာဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်နေ့မှာ လည်း စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ရုပ်မြင်သံကြားကတဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာလည်း ရှိပါတယ်။

spot_img
spot_img

Recent posts