spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ကင်းထောက်ပြီး ပစ်ခတ်မှုတွေဟာ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားလာမှာကို စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့၊ ပါဒေါဒူကျေးရွာက နာရေးပြုလုပ်နေတဲ့နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ ထောက်လှန်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့ နောက်မှာ စစ်ရှောင်စခန်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာမှာကို စိုးရိမ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

“အဲ့ဒီဟာတွေက လုံးဝကို မဖြစ်သင့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အဲ့ဒါတွေဟာ IDP စခန်းတွေအထိ ပျံ့နှံ့လာမှာကို ကျနော်တို့ အရမ်းစိုးရိမ်တယ်။ အကြောင်းမဲ့ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်လာတာ ပိုပြီးတော့ ဆိုးဝါးလာနေတယ်။ ဆိုတဲ့ ရှုတောင့်ကနေ မြင်နေရတဲ့အပိုင်းမှာ ကျနော်တို့ အရမ်းကို စိုးရိမ်ပါတယ်။ တိုက်ရိုက် စစ်ကောင်စီရဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု အပိုင်းအဲ့တာကို ကျနော်တို့ စိုးရိမ်တယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၁၀နာရီဝန်းကျင်အချိန်က ပစ်ခတ်မှုမှာ လူစုလူဝေးဖြစ်နေတဲ့ ပါဒေါဒူ ကျေးရွာအတွင်းက နာရေးပြုလုပ်နေတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်သူမရှိခဲ့ပါဘူး။

ပါဒေါဒူကျေးရွာက ဒေသခံတစ်ဦးက “ ရွာမှာအသုဘပြန်ချဖို့ ပြန်လာကြတာ လူများ သွားလို့ သူတို့ကဒရုန်းနဲ့ကြည့်တော့ဆိုင်ကယ်ကော လူအုံနေတာတွေ့တော့ သူတို့ကလက်နက်ကြီးနဲ့ထုလာတာ။ ၁၂၀ နဲ့ ၈၁ လက်နက်ကြီးတွေနဲ့ ထုလာတာ။ ၁၀၂ တပ် ကနေထုလာတာ။ တချို့အဒေါ်တွေ တအာကြောက်လန့်လို့ မပြေးနိုင်တော့တဲ့လူရှိတယ်။ လက်နက်ကြီးလာတဲ့ချိန် မပြေးဖို့ မြောင်းထဲဝင်ပုန်းဖို့ ပြောပေမဲ့တချို့က ကြောက်စိတ်တစ်ခုထဲနဲ့ပြေးတာ တော်သေးတာလူကိုမထိလို့။ လက်နက်ကြီးကျတာလူနဲ့ကတော်တော်နီးတယ်ပြောရမှာပေါ့။ အဲ့ချိန်က အသုဘကိုစောင့်တဲ့ လူကျန်သေးလားတော့မသိဘူး။” လို့ ၁၃ ရက်နေ့က အဖြစ်အပျက်ကို ဒေသခံတစ်ဦးက ပြန်ပြောပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်နဲ့ အမျှတိုက်ပွဲကြီးငယ်တွေ ဆက်နေသလို စစ်ကောင်စီဖက်ကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ပိုများလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ လယ်ပိုင်းလောက်မှာ ဖရူဆိုမြို့နယ် ရီခီးဘူး စစ်ရှောင်စခန်းနဲ့၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံစစ်ရှောင် စခန်းကို တိုက်လေယဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူသေဆုံးသူတွေရှိခဲ့ပါတယ်။

ကရင်နီလူ့အခွင့်အရေး အဖွဲ့ ရဲ့ ပြောကြားချက်အရ ကရင်နီပြည် မှာ လူဦးရေ ၁၂၀၀၀၀ လောက်ဟာ တောတောင်တွေမှာ ပုန်းရှောင်နေရပြီး၊ အခြားပြည်နယ်နဲ့တိုင်းတွေမှာ စစ်ရှောင်သွားတဲ့ လူဦးရေက ၂၀၀၀၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts