spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်၊ နေအိမ် တချို့လည်းထိမှန်

ထွေးရယ် (ကန္တာရဝတီတိုင်း(မ်))

ယမန်နေ့ (ဧပြီ ၁၉ရက်) နံနက်ပိုင်းအချိန် ဒီးမော့ဆို အနောက်ဖက်ခြမ်းဖက် လက်နက်ကြီး ပစ်ခတ်ခဲ့သလို ညနေပိုင်း (၃)နာရီခွဲ အချိန်မှာလည်း ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ကျေးရွာတွေဆီ လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်း၊ ကရင်နီတပ်မတော် (KA) ထိန်းချုပ်နယ်မြေ၊ အမှတ်(၁)ခရိုင် ဖက်က ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ၁၂လုံး ကျရောက်ခဲ့ပြီး နေအိမ်တချို့ ထိမှန်တာတွေရှိသလို လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို လက်နက်ကြီး စ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှု ဒဏ်ကို ကြောက်နေရပြီး ပြည်သူတွေအနေနဲ့ သွားလာဖို့ အခက်အခဲတွေ စိတ်မလုံခြုံမှုတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒီးမော့ဆို အရှေ့ဖက်ခြမ်း ကျေးရွာတစ်ရွာက ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“ ကျနော်တို့ ရွာထဲက လူတွေ အကုန်လုံးလည်း တောထဲ အကုန် ပြေးသွားကြတယ်။ သွားပုန်းကြတာ။ ရွာထဲ ပြန်မဝင်ရဲဘူး အဲ့ လက်နက်ကြီး ပစ်တဲ့ အချိန်ပေါ့။ သွားလာဖို့ ခက်ခဲတယ်ပေါ့။ မသွားလာရဲကြတော့ဘူး။ နောက်ကျရင် ကျနော်တို့ စားဖို့သောက်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ။ တောင်ယာတွေ ပြန်မသွားရဲတော့တွေရှိတယ်။ အဲ့တာ ကျနော်တို့အတွက် အရမ်းခက်ခဲနေတယ်။ “ လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ နေ့စဉ်ရက်ဆက် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေရှိနေပါတယ်။ အထူးသဖြင့် ဒီးမော့ဆို မှာ ပစ်ခတ်မှု ပြုလုပ်နေပြီး ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်တယ်လို့ ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ထုတ်ပြန် ဖော်ပြထားပါတယ်။

ယမန်နေ့ လက်နက်ကြီး ပစ်ခတ်မှုမှာ ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းဖက်၊ လေးမိုင်ယပ်ခူ ကျေးရွာ ဗုဒ္ဓဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ DMO PDFက ဧပြီလ ၁၉ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း ဒေသခံရှိရာအရပ်ကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုလုပ်ရပ်ကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့ (DMO-PDF) သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အရပ်သား ပြည်သူလူထုအပေါ် မတရားပစ်တာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပြည်သူလူထု အသက်အန္တာရယ် ခြိမ်းခြောက်လာတဲ့ လုပ်ရပ်မှန်သမျှ ကျနော်တို့ လက်ခံနိုင်ခြင်း မရှိဘူး။” လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့ (DMO-PDF) သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်အတွင်းမှာ စစ်ကောင်စီမှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှု နဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေ ကြောင့် အဆောက်အဦး ထိခိုက်ပျက်စီးမှု (၉၆၇)လုံးအထိ ရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့ ဧပြီလ (၂၀)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)မှ လက်လှမ်းမှီသလောက်ပြုစုထားတဲ့ အချက်အလက်အရ လွိုင်ကော်မြို့နယ်မှာ ပျက်စီးသွားတဲ့ အရေအတွက် (၁၀၈)လုံး၊ ဒီးမော့ဆိုမြို့နဘယ်မှာ (၅၆၄)လုံး၊ ဖရူဆိုမြို့နယ်မှာ (၃၉)လုံး၊ ဖယ်ခုံမြို့နယ်မှာ (၂၅၆)လုံး ဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက်နေ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ကျရောက်လာတဲ့ လက်နက်ကြီးကျည်နဲ့ နေအိမ်တွေကိုထိမှန်ခဲ့မှုကို တွေ့ရစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

spot_img
spot_img