spot_img
Friday, March 24, 2023
spot_img

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ (၂) ဦး သေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရရှိ

spot_imgspot_imgspot_imgspot_img
ဒီးမော့ဆိုအနောက်ဖက်ခြမ်း လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက်(၃၀) ကလေးမိခင်။( ဓါတ်ပုံ- DMO-PDF)

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို နဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံ တွေမှာ စစ်ကောင်စီကနေ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ(၂၇) တစ်ရက်အတွင်း ပြည်သူ (၂)ဦးသေဆုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီးမော့ဆိုမှာတော့ ယမန်နေ့ ညနေပိုင်းလောက်ကစပြီး ည ၉နာရီအထိ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီး ထိမှန်မှုကြောင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ အသက်(၇၀)အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလားတူ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာလည်း ည၈နာရီဝန်းကျင်အချိန် စစ်ရှောင်နေရာတစ်ခု စစ်ရှောင်မိသားစုတစ်ခုရဲ့ တဲအိမ်နား လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ၂နှစ်ခွဲအရွယ်ရှိ သားမိခင်ဖြစ်တဲ့ အသက် (၃၀)အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရပါတယ်။

“ စစ်ရှောင်အိမ်တွေဆို ကပ်ရပ် ရှိတယ်လေ အကြားမှာ တည့်တည့်ကျတယ်ပေါ့နော။ ဘေးဖက်က အိမ်ကျတော့ ဖုန်းသွားဆက်မယ်ဆိုပြီး ထွက်သွားတဲ့အချိန်မှာ လက်နက်ကြီးကျတယ်ပေါ့နော။ ဘေးအိမ်တော့ လွတ်သွားတယ်ပေါ့နော။ ဒီဖက် မိသားစုခါကျတော့ အကုန်ထိသွားတာပေါ့နော။ အိမ်ပေါ်တည့်တည့်မဟုတ်ပဲနဲ့ အိမ်ဘေးပေါ့ အိမ်နဲ့ တစ်ပေလောက်ပဲပေါ့။ လက်နက်ကြီးက ၁၂၀ဆိုတော့ အကုန်ကြေသွားတယ်ပေါ့နော။ “ လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF) က သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲ၊ဖယ်ခုံ အနောက်ဘက်ခြမ်း ရှိကျေးရွာတွေ အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှု။(ဓါတ်ပုံ- မိုးဗြဲPDF တပ်ရင်း ၂)

တဲအိမ်ပေါ် လက်နက်ကြီးကျရောက်မှုကြောင့် မိသားစု ၃ဦး ထိမှန်ခဲ့ကာ တစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ ဘယ်ဖက်လက်မောင်းကျိုးကြေတဲ့ ပြင်းထန်ဒဏ်ရာနဲ့ ညီမဖြစ်သူလည်း တင်ပါးဆုံမှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၂ဦးစလုံး အသက်အန္တာရယ်စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

ယမန်နေ့ညက ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ လက်နက်ကြီးခြောက်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတာတွေလည်း ရှိနိုင်တယ်လို့ DMO-PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ကနေပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲ၊ ဖယ်ခုံ အနောက်ဖက်ခြမ်း ကျေးရွာတွေအတွင်း လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက် (၂၇)နှစ်အမျိုးသားတစ်ဦးနဲ့ အသက်(၄၇) အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့(ဖေဖော်ဝါရီ ၂၈ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။

အခုလို စစ်ရှောင်ရှိရာ အရပ်သားပြည်သူရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေက စစ်ကောင်စီကနေ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုကြပါတယ်။

ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲ၊ဖယ်ခုံ အနောက်ဘက်ခြမ်း ရှိကျေးရွာတွေ အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှု။(ဓါတ်ပုံ- မိုးဗြဲPDF တပ်ရင်း ၂)
spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...