spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုကြောင့် ဖယ်ခုံမှာ စက်သုံးဆီ ပြတ်လပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ မှာ စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီအဝင်မရှိတော့ပဲ ပြတ်လပ်နေတယ်လို့ ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။

(၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည် လွိုင်ကော် နဲ့ ဒီးမော့ဆိုမြို့နယ် အပြင် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံဒေသတွေမှာပါ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကုန်စည်စီးဆင်းမှုတွေ မရှိတော့တာဖြစ်ပါတယ်။

“အခုက ဆီလဲ မရှိတော့ဘူးလေ လွိုင်ကော်ရဲ့ အနောက်တစ်ကြောမှာ ခု ဆီမရှိတော့ဘူး ပင်လောင်းတို့ရှိရင်ရှိမယ်။ အဲ့ဖက်မှာ စစ်သား(စကစ) ဂိတ်က မဝင်ခိုင်းဘူး ပိတ်ထားတယ်။ ဆီသယ်ခွင့် မပြုတော့ဘူး။ ဆီ၊ နောက်ဆန်တွေ အကုန်ပိတ်ထားတယ်ဆောင်ပြောင်းဂိတ်မှာလေ။ ဆီးဘူးတို့ဘက် လိုက်ရှာလိုလဲ မရဘူးဆီက၊ ဆီကတော့ ပြတ်နေတာ ခုဖယ်ခုံမှာ လုံဝမရဘူး” လို့ ဖယ်ခုံဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ ဖယ်ခုံမြို့မှာ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် စစ်ရှောင်စခန်းတွေကို ပစ္စည်းတွေသယ်ဆောင်ဖို့ ပိုအခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်အရေးလုပ်ရှားသူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts