spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း ကလလတ အတည်ပြု

ကန္တာရဝတီတိုင်း(မ်)

မနေ့က ဇွန်လ ၃၀ ရက်နေ့ မှာ ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့ အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ မှ တာဝန်ရှိသူတစ်ဦး က အတည်ပြုပြောကြားလိုက်ပါတယ်။

“ဟုတ်တယ်။ ပစ်ချလိုက်တယ်။ မနေ့က ဇွန်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီမှာ။ ရွာသစ်မြို့နယ်၊ ဘောလခဲခရိုင်မှာ။” လို့ ကလလတ ရဲ့ တာဝန်ရှိသူ ရဲဘော်လောရင်းစိုးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားလိုက်ပါတယ်။

ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် ( ၁၀၀၅ ) အနီးမှာ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကလလတ အနေနဲ့ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်းကိုလည်း ဒီကနေ့ ဇူလှိုင်လ ၁ ရက်နေ့မှာ ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင်အသိပေးကြေညာထားပါတယ်။

ဒါ့အပြင် ကလလတ အဖွဲ့အစည်းအနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ( CRPH ) ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲလုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထည့်သွင်းရေးသား အသိပေးထားပါတယ်။

spot_img
spot_img