spot_img
Saturday, April 1, 2023
spot_img

စစ်ကောင်စီရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် ကရင်နီလူထုတွေရဲ့ ပြောဆိုချက်

spot_imgspot_imgspot_imgspot_img

လာမယ့် ၂၀၂၃ခုနှစ်မှာဆိုရင် အာဏာသိမ်းစစ်ကောင်စီကနေ ရွေးကောက်ပွဲ လုပ်ဖို့အတွက် ပြင်ဆင်နေတဲ့အပေါ်မှာ ကရင်နီပြည်တွင်း ပြည်သူလူထုတချို့ရဲ့ သဘောထားအမြင်ဘယ်လိုရှိနေလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။

CDM ပညာရေးဝန်ထမ်းတစ်ဦး

“ ကျမသဘောထားနဲ့ အမြင်ကတော့ပေါ့နော သူတို့ကို ယုံကြည်မှုမရှိနိုင်သေးဘူး။ ဘာလို့လည်းဆိုရင် ၂၀၂၀ ရွေးကောက်ပွဲတုန်းကတောင်မှ ပွင့်လင်းမြင်သာမှုရှိအောင်နဲ့ လူတိုင်းလက်ခံနိုင်အောင် လုပ်ထားခဲ့တဲ့ ရွေးကောက်ပွဲတောင် သူတို့က အတော်မတရားရပြန်သိမ်းယူခိုင်းလို့လေနော။ အဲ့ဒါ သူတို့သာ ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုလို့ရှိရင် သူတို့နဲ့ သူတို့ကို ထောက်ခံကြတဲ့ လူတချို့နဲ့ ပါတီတချို့ကသာ ပါဝင်ကြတော့မှာ။ လူအားလုံးက သူတို့ကို ပြန်ယုံကြည်ဖို့ဆိုရင် အရမ်းခက်ခဲနေတယ်။ ဘာဖြစ်လည်းဆိုရင် CDM ဝန်ထမ်းအားလုံးနဲ့ သူတို့ကို တော်လှန်နေတဲ့လူအားလုံးကို ဖမ်းဆီးထားပြီးတော့မှ မတော်မတရားနှိပ်စက်ထားကြလို့လေ။ သူတို့က ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတာက သူတို့ဆီမှာ အကြံစည်တစ်ခုခုရှိနေတာလား မဟုတ်ရင် ပြည်သူလူထုတို့ရဲ့ ယုံကြည်မှုကို ပြန်လိုချင်တာလား။ နောက်ဆုံးတစ်ခုအနေနဲ့ ကျမပြောချင်တာက နိုင်ငံတကာရဲ ယုံကြည်မှုကို လိုချင်ပြီးတော့မှ ရွေးကောက်ပွဲကို ဗန်းပြပြီးတော့မှ လူတွေ ငါတို့ကို ထောက်ခံပါတယ်ဆိုပြီးမှ ပြချင်တာလား မသိဘူးပေါ့နော။ အဲဒါကြောင့်မလို့ မယုံကြည်နိုင်ပါဘူးရှင့်။ “

ဖဲဘူး
လူငယ်တစ်ဦး

“ ဒါတော့ လုံးဝလက်မခံနိုင်တဲ့ အနေထားပေါ့နော။ ကျနော်အနေနဲ့ပေါ့။ လုံးဝ လက်မခံနိုင်ဘူး။ ဘာဖြစ်လည်းဆို အခုက မျက်မြင်ကိုယ်တွေ့ပဲလေဗျ။ သူတို့က လုံးဝယုံကြည်လို့မရတဲ့ အဖွဲ့စည်းဖြစ်နေတယ်။ အခုကတည်းက ပြည်သူလူထုအပေါ် ဘယ်လောက်ထိ ကောက်ကျစ်ခဲ့လည်း ဆိုတဲ့ မျက်မြင်ကိုယ်တွေ့ပဲ။ အဲ့ဒါကို ကျနော်တို့ လက်ခံလို့ မရတဲ့အနေထားပါပဲ။ သူတို့က ပြည်သူလူထုကို ပြည်သူရဲ့ဆန္ဒကို ဆန့်ကျင်ခဲ့ပြီးပြီ။ အခုက ပြည်သူလူထုအတွက် ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတော့ လုံးဝ ယုံလို့မရဘူး။ “

စစ်ရှောင်အမျိုးသမီးတစ်ဦး

“ ၂၀၂၃ မှာ စစ်ကောင်စီတွေက ရွေးကောက်ပွဲ ပြန်လုပ်တော့မယ် ပြောတယ်။ ကျမတို့ပြည်သူအနေနဲ့တော့ မထောက်ခံဘူးပေါ့နော။ ထည့်လည်းမထည့်ပေးတော့ဘူး။ အရင်ထည့်ခဲ့ပြီးတဲ့ မဲပဲ ကျမတို့က အတည်ပြုတယ်ပေါ့နော။ မဲအောင်ပြီလို့ပဲ အတည်ပြုတယ်။ နောက်တစ်ခေါက်ပြန်လုပ်မယ် ဆိုတာတော့ အဲ့ဒါတော့ ကလေးကစားစရာမဟုတ်ဘူးပေါ့။ ကျမကတော့ အဲ့လောက်ပဲပြောနိုင်တယ် ပေါ့နော။ “

သမဝါယမ ဦးစီးမှူးတစ်ဦး

“ ၂၀၂၃ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲအပေါ်မှာ ပြောရမယ်ဆိုလို့ရှိရင် သူတို့က အာဏာရူးလို့ အာဏာလိုချင်လို့ပဲ သူတို့ အာဏာသိမ်းပြီးတော့ ရွေးကောက်ပွဲပြန်လုပ်တာပေါ့။ ဒါပေမယ့် သူတို့ တကယ်အာဏာလိုချင်တယ် အုပ်ချုပ်ချင်တယ်ဆိုလို့ရှိရင် သူတို့ လူထုတွေကို ဒီလောက် နှိပ်စက်စရာမလိုဘူး။ သတ်ဖြတ်စရာလည်း မလိုဘူး။ အိုးအိမ်တွေကိုလည်း မီးရှို့စရာမလိုဘူးပေါ့နော။ သူတို့က အကြောက်တရားနဲ့ပဲ သူတို့ အုပ်ချုပ်ချင်တဲ့ ပုံစံမျိုးဖြစ်တာပေါ့။ ဆိုတော့ ဒီအပေါ်မှာ ဘယ်သူ့မှလည်း စိတ်မဝင်စားဘူး။ ဘယ်သူ့မှလည်း သူတို့ကို ထောက်ခံမှာ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့လည်း ဒီရွေးကောက်ပွဲလုပ်ဖို့အတွက် ကျနော်တို့ ရှုတ်ချတယ်။ လုံးဝလက်မခံနိုင်ဘူးပေါ့နော။ “

ဘယ်ရောနီကာ
စစ်ရှောင်အမျိုးသမီးတစ်ဦး

“ အဲဒီရွေးကောက်ပွဲဆို သူများပေါ်မှာပဲပေါ့။ မလက်ခံရဆို အခုတောင်မှ သူများဘာလည်း တစ်ခုခုလုပ် လို့ရှိဆို မှတ်ပုံတင်တောင်းတာတို့ဆို ခဏနေကြရင် ဟိုးမင်းအောင်လှိုင် မဲထည့်မှာ ထည့်မလာမသိဘူး။ ပါသွားမလာ မသိဘူးဆို စိုးရိမ်ပြီးကြောက်ကြတာ။ အဲ့တာလည်းရှိတယ်။ အဲ့ဒါကို မဟုတ်လောက်ပါဘူးတဲ့။ ငါတို့အဲလိုမျိုး မလုပ်ပါဘူးတဲ့။ အလှူရှင်တွေကပ်ပြောတာပေါ့နော ။ အေးပေါ့ ငါတို့ကမသိလို့ နားမလည်လို့ပေါ့။ အထင်အမြင်ပေါ့နော။ လွဲတာဖြစ်မှာပေါ့လို့။ ငါတို့ရဲ မှတ်ပုံတင် နံပါတ်ဆို မင်းအောင်လှိုင်ဆီ မရောက်ဖို့ပဲ အရေးကြီးတယ်ပေါ့။ ခဏနေဆို အဲဒီ မှတ်ပုံတင်နံပါတ်ကို ရောက်သွားမှ မဲ ထည့်ပါသွားမှာလည်း စိုးရိမ်တယ်။ အဲ့လိုပါပဲ။ အဒေါ်အနေနဲ့တော့ လက်မခံချင်ဘူး။ “

တပ်ရင်းတစ်ခုမှတပ်ရင်းမှူး
ဗိုလ်ဂျက်လီ

“ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကပေါ့နော။ ဒါက ကျနောအမြင်ဆိုလို့ရှိရင် ဒီကောင်တွေက စစ်အာဏာသိမ်းတာကို ကမ္ဘာကလက်မခံဘူး။ လူထုက လက်မခံတဲ့အတွက်ပေါ့နော သူတို့က ဒီမအလ( မင်းအောင်လှိုင်) ကပဲ သူကတစ်ခုခုဆိုလို့ရှိရင် နစက ( နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ) ပေါ့နော။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ ဝန်ကြီးချုပ်နေရာမှာ သူယူထားတယ်။ စစ်ဦးစစ်ချုပ်လည်း ဖြစ်တယ်ပေါ့။ ပြီးလို့ရှိရင် ဒီရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့်ပေါ့နော သူက သမ္မတရာထူးကိုလည်း သူထပ်ယူမဲ့ အနေထားမျိုးမှာရှိတယ်ပေါ့နော။ ဆိုတော့ ဒီကောင်တွေက လက်ကွက်အမျိုးမျိုးနဲ့ပေါ့နော ဒီလူထုတွေကို စည်းရုံးမယ်။ ပြီးတော့ အဓိက သူတို့ရဲ့ ထောင့်တိုင်ကြံခိုင်ရေးပါတီကို အမည်ပြုပြီးတော့ပေါ့နော ဒီမြန်မာနိုင်ငံကို သူခြယ်လှယ်မဲ့ ရွေးကောက်ပွဲလို့ပဲ မြင်မိတယ်ပေါ့လေ။ ဆိုတော့ တရားမျှတမှုဆိုတာထက်ပေါ့နော ဒါက လုံးဝ ကျနော်တို့ တော်လှန်ရေးသမားအနေနဲ့သော်လည်းကောင်း လူထုနဲ့သော်လည်းကောင်း သူတို့ဖက်ရပ်တည်မှာတော့ မဟုတ်ဘူးဆိုတာတော့ ကျနော်တို့ မြင်မိတယ်ပေါ့နော။ “

spot_imgspot_imgspot_imgspot_img

More from the blog

ဂျာမာန်ခရီးသွား ဆုရရှိထားတဲ့ ဟွေပူးကဲရွာ

ကန္တာရဝတီတိုင်း(မ်) နှစ်ပေါင်း ၃၀ကျော်တည်ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ အနောက်တောင်ဖက်မှာရှိတဲ့ ဟွေပူးကဲရွာကတော့ ကရင်နီမျိုးနွယ်စုတွေ နေထိုင်တဲ့ ကျေးရွာပါ။ အများစုကတော့ ကြေးကွင်းပတ် ကယန်းလူမျိုးတွေ နေထိုင်ပါတယ်။ ဟွေပူးကဲရွာကတော့ မတ်လ ၇ရက်နေ့က ဂျာမနီနိုင်ငံမှာ Community Based Touring (CBT) ဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီးတော့...

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေသလဲ၊

ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ နေ့စဉ်သတင်းအကြောင်းအရာတွေကို ဆယ်စုနှစ် ၂ ခုနီးပါး အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေပါသလဲ။ အာဏာသိမ်းပြီးနောက် သတင်းဌာနရဲ့ သတင်းထောက်တွေက အန္တာရယ်တွေ ကြား ဘယ်လို သတင်းရယူနေပါသလဲ။ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားတင်ဆက် ပေးနေပါသလဲ။ ပြည်သူလူထု တွေ သတင်းမှန်ရရှိအောင် ဘယ်လိုကြိုးစား...

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...