spot_img
Friday, March 24, 2023
spot_img

စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်ရှောင်အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

spot_imgspot_imgspot_imgspot_img

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်))

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို ဒီးမော့ဆိုအခြေစိုက် ခလရ (၁၀၂)တပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှုကြောင့် စစ်ရှောင်ပြည်သူအပါအဝင် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“တစ်ခါလာရင် ၄ လုံး အ့လိုမျိူးလာတယ်ကော။ နောက်ပုန်းနေတဲ့အချိန်မှာ ထပ်လာတယ်။အတွဲလိုက်အတွဲလိုက် အလိုမျိုးလာတော့ ဝပ်တော့ ဝပ်နေတယ်လေ။ တချို့က ပြေးလို့ မမှီတော့ဘူး။ မြောင်းထဲပုန်းရင်လည်း ရှပ်ထိတာပဲ။ အ့လိုမျိုး။ နောက်ဝက်ကော ခွေးကော နွားကောအ့လိုမျိူး ထိကုန်တယ်။လူကတော့ ၅ ယောက်ပေါ့။ ခြေထောက်တွေ လက်တွေ ခါးတွေမှာ ထိကုန်တာ” လို့ အခြေအနေကို တွေ့ရှိခဲ့တဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ၅ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး ကျေးရွာတွင်း ဒေသခံတစ်ဦးကလည်း ထိခိုက်ခဲ့ပါတယ်။ လက်နက်ကြီးအချက်ရေပေါင်းများစွာ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ပြေးချိန်မရလိုက်ဘဲ ပြေးဝပ်နေရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်မှုအထဲ အသက် ၇ဝ အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်တယ်လို့ အခြေအနေကို မျက်မြင်တွေ့ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေဖြစ်တဲ့ စစ်ရှောင်စခန်း၊ ကျေးရွာအတွင်းကို ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး လက်ရှိမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြရပါတယ်။

“လက်နက်ကြီးတွေက တောက်လျှောက် ကျလာတယ်။အ့မှာ ဆက်နေလို့ လုံးဝအဆင်မပြေလောက်တော့ဘူး။ ကားတွေ ဘာတွေ ရှိတဲ့ အိမ်တွေကတော့ သွားလို့လာလို့ အဆင်ပြေပေမယ့် မရှိတဲ့သူတွေက တော်တော်များတယ်။ ပစ္စည်းတွေကလည်း တော်တော်များတယ်။ အရေးကြီးတဲ့ဟာတွေ လောက်ပဲယူကြတယ်။သိပ်မလိုတဲ့ဟာတွေတော့ ထားခဲ့ရတာပေါ့” လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းကနေစ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကျောင်းသားကျောင်းသူ အပါအဝင် လူဦးရေတစ်ထောင်ကျော်လောက်ဟာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ၃ရက်အတွင်း စစ်ဘေးရှောင်ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

 

 

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...