spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး နဲ့ ကလေးတစ်ဦး အပါအဝင် မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့နယ်မှာ အခြေစိုက်တဲ့ ခမရ (၅၃၀ )တပ်ကနေ ဝမ်ကုန်းကျေးရွာအတွင်းကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇူလိုင်လ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သွားတဲ့သူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာက အရပ်သားပြည်သူ ၃ ဦးထိခိုက်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကုန်းသာကျေးရွာက ကလေးငယ် တစ်ဦးနဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်လင်လေးမြို့နယ်မှာ ခလရ (၅၃၀) တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု မကြာခဏရှိနေပြီး ဇူလိုင်လ ၂ ရက်နေ့မှာလည်း လင်ဖုံကြီးကျေးရွာ၊ နမ်းဟူးကျေးရွာထဲကို လက်နက်ကြီးကျရောက် ပြီး နေအိမ်တချို့ ပျက်စီးသွားခဲ့ရပါတယ်။

လွိုင်ကော်-မိုးဗြဲလမ်းမကြီး၊ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်ကို ဖြတ်သန်းသွားလာဖို့ မပြုဖို့ KNDF မှဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပြီးနောက် လွိုင်ကော်မြို့ဘက်ကို အင်အား ဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

spot_img
spot_img

Recent posts