spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေကို ဘက်ပြောင်းလာဖို့ (IEC) နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထပ်လောင်းတိုက်တွန်းဖိတ်ခေါ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်လက်အောက်ခံ တပ်မတော်သားအားလုံးအနေနဲ့ ပြည်သူဖက်နဲ့ ပြည်သူ့အစိုးရဖက်ကို ဘက်ပြောင်းလာကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဒု – ဥက္ကဌလည်းဖြစ်သလို ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ တာဝန်ခံဖြစ်သူ ခွန်းဘီထူးက ထပ်လောင်းတိုက်တွန်း ဖိတ်ခေါ် ထားပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) ကနေ ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“တပ်မတော်သားတွေဖက်ကတော့ မင်းအောင်လှိုင်ကိုကာကွယ်ဖို့ တပ်မတော်ရဲ့အကျိုးစီးပွားထက် အာဏာသိမ်းစစ်ကောင်စီရဲ့အကျိုးစီးပွား ကိုကာကွယ်ဖို့ အရေးကလွဲလို့ ကျန်တဲ့ နိုင်ငံရဲ့ မျိုးချစ်စိတ် လူမျိူးချစ်စိတ် ပြည်သူရဲ့ ပံ့ပိုးမှု မရတဲ့ အချိန်မျိုးမှာ အင်မတန် ထိခိုက်ဒဏ်ရာရနေတဲ့အခြေအနေမျိုးမှာဖြစ်တယ်။ ဒီလိုသာဆက်ဖြစ်ရင်တော့ ပြည်သူတွေဖက်က မြို့ရွာတွေဖက်က ပျက်ဆီးသလို အများအားဖြင့် တပ်မတော်သားတွေရဲ့ ထိခိုက်‌သေကြေမှုက ပိုမြင့်မားလာမှာဖြစ်ပါတယ်။ ဒီလိုဆက်ဖြစ်နေခဲ့ရင် ကျနော်တို့ရဲ့ နိုင်ငံလည်း ပိုမိုပြီးမှပေါ့နော်။ ယိုယွင်းပျက်ဆီးတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒီအခြေအနေကနေကာကွယ်နိုင်အောင် ကျနော်တို့ တပ်မတော်သားများအနေနဲ့ ဘက်ပြောင်း ဖို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ကြဖို့ အထူးတလည် တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။ အထူးသဖြင့် ကရင်နီပြည်မှာ ရှိနေတဲ့ စွန့်ခွာနေရတဲ့ တပ်မတော်သားတွေ ဝိုင်းခံနေရတဲ့ နန်းစီဒီအမ်
( Non – CDM ) တွေ ဒီသတင်းစကားကို ကြားရင် ဘက်ပြောင်းနိုင်ဖို့ကို အထူးတလည် တိုက်တွန်း လိုပါတယ်” လို့ ဘက်ပြောင်းရေးအစီမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ တာဝန်ခံ ခွန်းဘီထူး က ပြောပါတယ်။

ဘက်ပြောင်းရေး အစီအစဉ်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုတွေက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြတာဖြစ်ပြီး NUG, NUCC နဲ့ ဥပဒေကြောင်းအရ ညှိနှိုင်းရန်လိုအပ်တဲ့ ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) က အသိပေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်သားအများစုဟာ ပြည်သူကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့စစ်သားတွေဖြစ်တာကြောင့် ပြည်သူတွေကို အသက်‌ပေးကာကွယ်ပေးဖို့ တာဝန်ယူစိတ်ရှိတဲ့အနေနဲ့ ကိုယ့်အသက်အပြင် ကိုယ့်ပြည်သူတွေကို ကာကွယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ဖက် ဘက်ပြောင်းစီမံကိန်းကို အမြန်ဆုံးပူးပေါင်း ပါဝင်လာကြဖို့ ဘက်ပြောင်းရေးအစီမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ ညွှန်ကြားရေးမှူး ဖြစ်တဲ့ တပ်မတော် အရာရှိဟောင်း ဦးနေမျိုးဇင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“မင်းအောင်လှိုင်ရဲ့လက်အောက်မှာ အမှုထမ်းဆောင်နေတဲ့ စစ်သားတွေ ဆိုတာက မင်းအောင်လှိုင်ကိုပဲ ကာကွယ်နေတာ မင်းအောင်လှိုင်တစ်စုကိုပဲ ကာကွယ်နေတာဖြစ်တယ်။ ပြည်သူတွေကို မကာကွယ်နေဘူး။ နိုင်ငံတော်ကိုလည်း မကာကွယ်နိုင်လို့ အခုလို နိုင်ငံတစ်နိုင်ငံလုံးအနှံ့မှာ စစ်ပွဲဖြစ်နေတာဖြစ်တယ်။ အဲ့တော့ ကိုယ့်ကိုယ်ကို စစ်သားလို့ ခံယူထားတယ် ပြည်သူကို ကာကွယ်ဖို့နေ့စဥ် သစ္စာဆိုထားတဲ့ သစ္စာစကားကို ကိုယ့်ဘာကိုယ် နားလည် တယ်ဆိုရင် ပြည်သူကိုကာကွယ်ဖို့ ဖွဲ့စည်းလည်ပတ်ထားတဲ့ ကျနော်တို့ဖက်ကို ပြည်သူ့အစိုးရကို လက်ကမ်းကြိုဆိုနေတဲ့ ကျနော်တို့ကို အမြန်ဆုံးဆက်သွယ်ကူးပြောင်း ပြီးပူးပေါင်းခြင်းအားဖြင့် ကိုယ့်အသက်ကယ် ကိုယ့်ဂုဏ်သိက္ခာနှစ်ခုစလုံးကို ကယ်တင်နိုင်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ဦးနေမျိုးဇင်က ဆိုပါတယ်။

ဘက်ပြောင်းခြင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တပ်မတော်သားတွေကနေပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အမိန့်နာခံ မှုအောက်ကနေ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို နည်းမျိုးစုံနဲ့ ဘက်ပြောင်းပါဝင်လာခြင်းကို ဆိုလိုတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ တပ်စွဲတိုက်ပွဲဝင်နေတဲ့ ဘယ်တပ်မဆို ပြည်တွင်းနဲ့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေဖြစ်တဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်မထားဖို့၊ စစ်သုံ့ပန်းတွေကို အသက်ရှင်ခွင့်ပေးဖို့နဲ့ တားမြစ်စစ်လက်နက်တွေအသုံးမပြုဖို့ စတဲ့ စစ်ဥပဒေတွေကို ဘက်ပြောင်းလာသူ မည်သူမဆို လေးစားလိုက်နာသူတွေ ဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။

ကရင်နီပြည်မှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ တပ်မတော်သားတွေကို သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေက ဆုချီးမြင့်ငွေတွေ ပေးအပ်လေ့ရှိသလို လုံခြုံရေးကိုလည်း တာဝန်ယူပေးတာတွေ ရှိပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှာလည်း CDM ဌာနကို ဖွဲ့စည်းထားတာရှိပြီး ဖွဲ့စည်းပြီး ၂ နှစ်ကျော်အတွင်း ခိုလှုံလာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သား ၁၅၀ ကျော်ရှိပြီလို့ အောက်တိုဘာလအထိ အချက်အလက်အရ သိရှိရပါတယ်။

spot_img
spot_img

Recent posts