spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်တချို့ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ည (၁၀)နာရီ (၁၅)မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း တစ်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းအပါအဝင် ဒေသခံနေအိမ် နဲ့ အဆောက်အဦး တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

” အဓိက အနီးနားမှာရှိတာကတော့ အိမ်ပေါ့နော် ကိုယ်ပိုင်အိမ် မိသားစုအိမ်‌ကတော့ (၃)လုံး (၄)လုံး လေးလုံးထိခိုက်ပျက်စီးတယ်။ပြီးတော့ စာသင်ကျောင်းပါပါ ထိခိုက်ပျက်စီးတယ်။ သူရဲ့တုန်ခါအားကြောင့်ပေါ့နော်။အဲ့ဒါ ပစ္စည်းက‌တော့ အိမ်နဲ့ပတ်သက်ပြီး ပစ္စည်းတွေကတော့ ပြုတ်ကျတာတွေ ပျက်စီးတာတွေ ပေါက်တာတွေ ရှိတာ တွေရှိရပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ည ၁၀ နာရီဝန်းကျင်အချိန်မှာ လေယာဉ်ပျံဝဲမှုရှိခဲ့ပေမယ့် ၃ကြိမ်မြောက် ပျံဝဲ ဖြတ်သန်းချိန်မှာတော့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုလည်းရှိခဲ့ပြီး လက်နက်ကြီးအစဟာ အိမ်အုတ်နံရံကိုထိပြီး အုတ်နံရံပြိုကျကာ ပြည်သူတစ်ဦး ဦးခေါင်းထိခိုက်မိတာရှိပေမဲ့ စိုးရိမ်စရာ မရှိဘူးလို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ထိခိုက်မိတာကတော့တစ်ယောက်ပဲပေါ့နော်။အဲ့တစ်ယောက်ကတော့ လက်နက်ကြီးကျတဲ့နေရာနဲ့ တအားနီးတော့ သူ့အပေါ်မှာ လက်နက်ကြီးစင်ပြီး နံရံကိုစင်ပြီး အုတ်ကပြိုကျတဲ့အတွက်ကြောင့် အုတ်ကခေါင်းကိုထိသွားတယ်ပေါ့နော်။ သူရဲ့အခြေအနေကတော့ လောလောဆယ်တော့ သိပ်တော့စိုးရိမ်စရာ မရှိဘူးပေါ့နော်”လို့ ဆိုပါတယ်။

လေယာဉ်ဗုံးကျဲပြီးနောက် လက်နက်ကြီး (၈)လုံးထက်မနည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း နေရာအနှံ့အပြားကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts