spot_imgspot_imgspot_imgspot_img
Monday, October 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ်ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

“ အဓိကကတော့ အဲ့ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာတွေက သူက ဒလန်ပါဆိုပြီးတော့ ကျနော်တို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က သေချာစောင့်ကြည့်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီးတော့မှ သေချာသလောက်ရှိပြီ ဆိုပြီးတော့မှ ကျနော်တို့က ဖမ်းတာပေါ့နော။ ဖမ်းတဲ့အချိန်လည်း ကျနော်တို့က အကြမ်းဖက်ပြီး ဖမ်းတာမဟုတ်ဘူး။ စစ်ဆေးမေးမြန်းစရာရှိတယ် ဆိုပြီးတော့ ကျနော်တို့ ခေါ်သွားတာပါ။ ပြီးတော့ KSP လက်ထဲကို ကျနော်တို့ အပ်ထားတယ်လေ။” လို့ KDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ဒေါ်ခင်မေစိုးအပါအဝင် စစ်ကောင်စီသတင်းပေးသူ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူ အားလုံးကို ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ဖြစ်တဲ့ KSP လက်ထဲကို လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ စောင့်ကြည့်စုံစမ်းပြီး ဖမ်းဆီးရမိတဲ့ စစ်ကောင်စီသတင်းပေးတွေကို KSP ထံ လွဲပြောင်းအပ်နှံပြီး စစ်ဆေးမေးမြန်းမှုတွေကိုတော့ KSP ကပဲ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားတယ်လို့ သိရပါတယ်။

KDF အနေနဲ့ စစ်ကောင်စီသတင်းပေးတွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆူးငြောင့်ခလုတ်ဖြစ်တဲ့အတွက် ဆက်လက် စောင့်ကြည့်စုံစမ်းပြီး NUG မှ ချမှတ်ထားတဲ့ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိဖမ်းဆီးရမိတဲ့ ဒေါ်ခင်မေစိုးဟာ စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်အပ်လိုက်တဲ့ ဒီးမော့ဆိုမြို့နယ် ဒု – ပညာရေးမှူးတာဝန်ကို ဆောင်ရွက်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts