spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ အခက်တွေ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်၊ တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ဆောင်းပြောင်း ၊ နောင်တရား ၊ ပင်လောင်း ၊ တီကျစ် ၊ အောင်ပန်း ဂိတ်တွေမှာ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်ဘက်ကို ဝင်ရောက်လာမယ့် ကားတွေကို စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုဘူးလို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဗန်းမောက်ကစပြီး ဖယ်ခုံကိုသွားမရတော့ဘူး။ ပစ္စည်းတွေပါရင် ဂိတ်က ပေးမဖြတ်ဘူး လုံးဝမရဘူး” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိ မိုးဗြဲ၊ ဖယ်ခုံမြို့နဲ့ ကရင်နီပြည်မှာရှိနေတဲ့ စစ်ရှောင်တွေမှာ စားနပ်ရိက္ခာတွေ မလုံလောက်တော့တဲ့အပြင် ရိက္ခာတွေကို ဝယ်ယူလို့မရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာအပြင် အသုံးအဆောင်ပစ္စည်းတွေကို သယ်ယူခွင့်မပြုတာကြောင့် စစ်ရှောင်တွေသာမဟုတ်ပဲ ရှမ်းပြည်တောင်ပိုင်းက ဒေသခံတွေလည်း ဒုက္ခရောက်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

“သယ်ယူလို့မရတော့ဘူးဆိုရင်တော့ ကုန်စုံဆိုင်က ပစ္စည်းတွေရော၊ လက်ခံထားတဲ့အလှူတွေရော၊ တင်လို့မရတော့ရင်တော့ စစ်ရှောင် တွေမဟုတ်ပဲ ရပ်ရွာခံတွေပါ ဒုက္ခရောက်နိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းကိုရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်တချို့ဟာ အသိဆွေမျိုး၊ မိတ်ဆွေတွေဆီ နေ့စား အလုပ်ကို လုပ်ကိုင်ပြီး တစ်ရက်ကို ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲ ခန့်ရတဲ့ လုပ်အားခနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်းမှာ ကရင်နီပြည်က စစ်ရှောင်လာတဲ့ စစ်ရှောင်လူဦးရေ ၂သောင်းကျော်ရှိနေပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံမြို့နယ် က ဒေသခံတွေ အများစုဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts