spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ တပ်သား ၃ ဦး CDM ပြုလုပ်၊ စစ်ကောင်စီတပ်ထဲ မတရားဖမ်းဆီးပြီး စစ်သားပြုလုပ်စေခိုင်းခံရသူ များပြားကြောင်း CDM တပ်သားပြော

တပ်သား ၃ဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်။

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

မနေ့က စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ် လက်အောက်ခံ တပ်သား ၃ ယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ကရင်နီတပ်မတော် KA ထံသို့ CDM ပြုလုပ်လာခဲ့ပါတယ်။

အဆိုပါ တပ်သားတွေဟာ တပ်မ -၆၆ လက်အောက်ခံ ခလရ-၁၁ ကဖြစ်ပြီး MA 3 သေနတ် ၃ လက် ၊ကျည်ဘောင့် ၁၃ ဘောင့် ၊ကျည်ဆံ ၁၀၀၀ ၊ လက်ပစ်ဗုံး ၃ လုံးနှင့် အတူ CDM ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဘက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်နှစ်သက်တော့ပဲ ပြည်သူ့ရင်ခွင်ထဲကို ဝင်ရောက်ပူးပေါင်းလာတာဟာ ဝမ်းမြောက်စွာ လက်ခံကြိုဆိုကြောင်း ဒီးမော့ဆို မြို့နယ်တပ် KA တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီတပ်မှ CDM ဝင်ရောက်လာတဲ့ တပ်သား ၃ ယောက်ကို လက်ခံ ကြိုဆိုတယ်။အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက် နှစ်သက်တော့ပဲ အခုလို အမှန်တရားတွေ အမြင်မှန်တွေ ရလာပြီး ပြည်သူ့ရင်ခွင်ထဲကို ဝင်ရောက်ပူးပေါင်းလာတာဟာ ဝမ်းမြောက်စွာ ကြိုဆိုပြီး ကျေးဇူး လည်း တင်တယ်လို့ ” ဒီးမော့ဆို မြို့နယ်တပ် KA တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဆိုပါတပ်သားထဲက တစ်ဦးကတော့ စစ်တပ်ထဲကို ကိုယ့်သဘောနဲကိုယ် ဝင်ရောက်လာခဲ့တာ မဟုတ်ပဲနဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုကို ခံခဲ့ရပြီး စစ်တပ်ထဲ ဝင်ရောက်ဖို့ ခြိမ်းခြောက်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ဖမ်းတဲ့ခါမှာမှ ကျနော့် ကို စစ်တပ်ထဲဝင်မှာလား ။ထောင်ကျခံမှာလား။ ထောင်ကျရင် တစ်သက်တစ်ကျွန်း လွတ်ရပ်မရှိတော့ဘူး။ စစ်တပ်ထဲမှာဆိုရင် လွတ်လွတ်လပ်လပ် နေလို့ရတယ်ပေါ့ဗျာ။ သင်တန်းတွေဘာတွေပြီးသွားလည်း မိသားစုနဲ့ နေလို့ရတယ် သူက အ့လိုမျိုးပြောခဲ့တယ်”လို့ CDMပြုလုပ်လာတဲ့ တပ်သားတစ်ဦးက ပြောပါတယ်။

စစ်တပ်ထဲမှာဆိုရင် ကိုယ့်သဘောနဲ့ကို ဝင်ရောက်လာတာ မဟုတ်ပဲ မတရား ခြိမ်းခြောက်မှုကိုခံရပြီး ဝင်ရောက်လာတဲ့ သူတွေ အများအပြား ရှိတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အသက်ကြီးပိုင်းတွေ အသက်မပြည့်သေးတဲ့ ကလေးတွေ ရှေ့တန်းစစ်မြေပြင်တွေမှာ ပို့ဆောင်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

spot_img
spot_img