spot_img
Friday, March 24, 2023
spot_img

စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲအပေါ် ဘောလခဲနဲ့ ဖားဆောင်း ဒေသခံတွေ ဘာပြောကြသလဲ။

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

လာမယ့် ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရားလည်ပတ်နေတဲ့ ဘောလခဲ၊ ဖားဆောင်းမြို့ပေါ် ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးအဖွဲ့ကနေ တစ်အိမ်တက်တစ်အိမ်ဆင်း သန်းခေါင်းစာရင်း ကောက်ခံတာရှိခဲ့ပါတယ်။ ဘောလခဲ၊ ဖားဆောင်းမြို့နယ်အတွင်းက ဒေသခံတချို့ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်အပေါ် သဘောထားတွေကို တင်ပြပေးလိုက်ပါတယ်။

ဦးရှားရယ်( အသက် ၅၁နှစ်၊ ဘောလခဲဒေသခံ တောင်သူတစ်ဦး)

“သူတို့ဒါလုပ်ဖို့ ကြိုးစားတယ်ဆိုပေမယ့်လည်း အရင်တစ်ခေါက်က တစ်ယောက်ဆွဲစိခံရပြီးကတည်းက တော်တော်လေးထိတ်လန့်ကုန်တာပေါ့နော်။ ရှင်းရှင်းပြောရင် သူတို့ နောက်လုပ်တဲ့ ဝန်ထမ်းတွေကစ စိုးရိမ်စိတ်တွေများပြီးတော့မှ အထက်က ခိုင်းလို့လုပ်ရတယ် လုပ်ရပေမယ့်လည်း တချို့ဆို ထွက်ချင်စိတ်တောင် ပေါက်ကုန်တယ်ပေါ့နော်။ ထွက်လဲထွက်လို့မရ လစာကဒါလေးနဲ့ပဲ စားနေရခါကျတော့ တချို့ဆို စိုးရိမ်စိတ်တွေ တော်တော်များတယ်ပေါ့နော်။ ဒီအခြေအနေက။ လောလောဆယ်တော့ ဘားမှမလုပ်ရှားသေးဘူး။”

ဖိုးဒို (အသက် ၂၃နှစ်၊ မော်ချီးဒေသခံတစ်ဦး)

“ဒါက ပြောမယ်ဆိုရင် သူတို့က (စစ်ကောင်စီ) မတရားအာဏာသိမ်းခဲ့တယ်ကော။ သူတို့လုပ်မယ့် ရွေးကောက်ပွဲက တရားဝင်မှာမဟုတ်ဘူးလေ။ ဒါကြောင့် ကျနော်တို့လည်း ဘားမှလုပ်ပေးဖို့မရှိပါဘူး။ တရားမဝင်ပါဘူး ဘားမှ။ ကျနော့်တစ်ယောက်ထဲ အနေနဲ့ဆိုရင်တော့ ရွေးကောက်ပွဲက သူ့အစိုးရ တရားဝင်ဖြစ်ဖို့အတွက် လုပ်မှာပဲ။ မဖြစ်မနေလုပ်မယ်ဆိုရင်တော့ လုံးဝ သွားထည့်မှာမဟုတ်ဘူး။ ဥပမာ- ကျနော့်အသိုင်းအဝိုင်းကိုလည်း စည်းရုံးမှာပေါ့ မပါဝင်ဖို့။”

မချိုချို (အသက် ၂၃နှစ်၊ ဖားဆောင်းဒေသခံတစ်ဦး)

“ကျမရဲ့အမြင်ကတော့ ဒါကလုံးဝမတရားဘူးပေါ့နော။ ဘာဖြစ်လို့ဆို လက်ရှိ သူတို့ဟာသူတို့ပဲလုပ်တယ်။ သူတို့ဟာသူတို့အာဏာသိမ်းတယ်။ ဒီဖက်မှာဆို ပူးပေါင်းပါဝင်မှုကတော့ နည်းမယ်ပေါ့နော။ ဒီနေရာဒေသ မော်ချီးဖက်မှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှပေါ့။ ကျမအနေနဲ့ မဲမဖြစ်မနေ သူတို့ထည့်ခိုင်းရင်တော့ မထည့်ဘူးပေါ့။ ဒါက မတရားတဲ့ အရာဖြစ်တယ်ပေါ့။ အဲ့အတွက်ကြောင့် ကျမတစ်ယောက်အနေနဲ့က မဲလုံးဝမပေးဘူး။”

ကိုဒီးဒီ (အသက် ၂၆နှစ်၊ မော်ချီးဒေသခံတစ်ဦး)

“ ဒီဖက်မှာ သူတို့ ရွေးကောက်ပွဲလုပ်လို့ရှိရင်တော့ လုပ်လို့ရမယ်ထင်တယ်။ မြို့ပေါ်တော့ လုပ်ဖို့ရှိမယ်ထင်တယ်။ ရွာတွေတော့သူတို့မဆင်းရဲဘူး။ မဲထည့်ဖို့ဆိုရင်တော့ ဒေသခံတစ်ယောက်အနေနဲ့ သွားထည့်ဖို့ အစီအစဉ် မရှိဘူးပေါ့နော်။ ထည့်ဖို့အစီစဉ်မရှိဖူးဆိုတာ ဘယ်လိုလဲဆိုတော့ တရားမျှတမှုလဲရှိမှာ မဟုတ်ဘူး။ ပြီးတော့ များသောအားဖြင့် သူများသွားထည့်ကြမှာ မဟုတ်ဖူးလေ။ သူ့ပါတီထောက်ခံ‌တဲ့ လူလောက်ပဲသွားထည့်ရင် ထည့်ကြမှာပေါ့။ များသောအားဖြင့် သွားထည့်ကြမှာမဟုတ်ဘူး။”

မော်မြာ (အသက် ၂၂နှစ်၊ ဖားဆောင်းဒေသခံတစ်ဦး)

“သူတို့က အတင်းအကြပ်ခိုင်းစေပြီးတော့ အဲ့လို မဲထည့်ခိုင်း ဘာညာဆို သွားရမယ် လုပ်ရမယ်လို့ထင်တယ်။ ဘာလို့ဆို ဖားဆောင်းမြို့မှာက တခြားနေရာတွေနဲ့ မတူဘူးကော အလေးသာနေတဲ့ သဘောမျိုးပေါ့ အ့လိုဖြစ်နေတယ်။ အတင်းအကြပ်ခိုင်းစေပြီးတော့ ထည့်ခိုင်းရင်တော့ လုပ်ရမယ်ထင်တယ်။ အခုက အာဏာသိမ်းထားတော့ အနိုင်ကျင့်နေတာပဲလေ ဘားမှတော့မထူးခြားသွားဘူး။ ကိုယ့်ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်သွားရမှာပဲ။ ဒါပေမယ့် သူတို့အတင်းအကြပ် ခိုင်းစေတာမျိုးတို့ ခြိမ်းခြောက်တာမျိုး ဆိုရင်တော့ လိုက်လျောရမယ်လို့ ထင်တာပဲ။ ဒါပေမယ့် ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ပေါ့နော။”

spot_imgspot_imgspot_imgspot_img

More from the blog

KNDF ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) မတ်လအတွင်း ပြင်းထန်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ကရင်နီပြည်အတွင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေ၊ တိုက်ပွဲကြောင့် ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ရှောင်လူထုတွေရဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) မှ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးလိုက်ပါတယ်။ https://youtu.be/8DLngFbR4J4

ဒီးမော့ဆိုအရှေ့ခြမ်းကနေ အနောက်ခြမ်း ‌ရွေ့ပြောင်းလာရတဲ့ စစ်ရှောင်တွေရဲ့ ‌ပြောစကားတချို့

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေ ဖြစ်ပွားတာတွေ ရှိတဲ့အတွက် စစ်ရှောင်တွေဟာ ဘေးလွှတ်ရာကို ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရင်း အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီလို ထွက်ပြေးတိမ်းရှောင်ရင်း ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ရောက်ရှိသွားသူတွေလည်းရှိနေပါတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်းကို ရောက်ရှိသွားသူတွေဟာ လက်ရှိမှာ ဘာတွေကြုံတွေ့နေရလဲ။ ဘယ်လို အခက်အခဲတွေရှိနေသလဲ။ သူတို့ရဲ့...

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ထပ်ဆင့်ပြောင်းရွေ့နေကြရတဲ့ စစ်ရှောင်လူထုတချို့ရဲ့ ပြောစကား

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်တဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကနေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်လူထုတချို့ရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်မှ တွေ့ဆုံမေးမြန်းထားတာတွကို တင်ဆက်ပေးလိုက်တယ်။ ထပ်ဆင့်ပြောင်းရွေ့တိမ်းရှောင်နေရတဲ့ လူထုတွေဟာ နေရာထိုင်ခင်း၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေဆဲ ဖြစ်ပါတယ်။ https://youtu.be/pFWfwuBvmJI

လက်နက်ကြီးသံကြားက နွေစပါးစိုက်ပျိုးနေရတဲ့ စစ်ရှောင်တောင်သူတို့ရဲ့ စကားသံ

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီဒေသခံပြည်သူ ၂ သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်ကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်း ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ရှောင်နေကြရပေမယ့် ရေရှည်စားသောက်ရေးအတွက် လက်ရှိမှာလည်း လက်နက်ကြီးသံကြားကနေ လယ်ယာစပါး စိုက်ပျိုးနေကြရပါတယ်။ လက်နက်ကြီးသံကြားမှာ စပါးစိုက်ပျိုးနေကြတဲ့ ဒီးမော့ဆိုမြို့ စစ်ရှောင်တောင်သူ တချို့ရဲ့ စကားသံတွေကို တင်ပြပေးလိုက်ပါတယ်။ https://youtu.be/JRtwxdlmIhE စစ်ရှောင်တောင်သူတစ်ဦး “စိတ်ထဲမှာ တအားခံစားတာပေါ့။...