spot_imgspot_imgspot_imgspot_img
Monday, April 28, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ လမ်းပိတ်ဆို့မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတွေအတွက် ဆန် ဝယ်ယူလို့မရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ထဲကို ဝင်လာမဲ့ ကုန်စည်လမ်းကြောင်းတွေကို စစ်ကောင်စီတပ်တွေက ရှမ်းပြည်တောင်ပိုင်းမှာ စစ်ဆေးပိတ်ဆို့ထားတာကြောင့် စစ်ရှောင်စခန်းတွေအတွက် လိုအပ်တဲ့ ဆန်ရိက္ခာတွေကို ဝယ်ယူသယ်ဆောင်လို့ မရတော့ဘူးလို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်အရေးဆောင်ရွက်သူတွေထံကနေ သိရပါတယ်။

“ ဆန် ရိက္ခာ ပြတ်လပ်မှုတွေ တော်တော်များများရှိတာပေါ့နော်။ ဆန်ကလည်း လောလောဆယ် လမ်းကြောင်းပိတ်ထားတော့ ဝယ်လို့ မရသေးဘူး။ ဆန် ပို့ဖို့လဲ ခက်တယ်။ လမ်းပန်းဆက်သွယ်ရေးလည်း မရသေးဘူး။” လို့ စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်ကို ဝင်လာမယ့် လမ်းကြောင်းတွေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းက ပင်လောင်း၊ ဆောင်းပြောင်း၊ မှော်ဘီ၊ လွိုင်လင်ဂိတ်တွေမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးမှုတွေ တင်းကြပ်နေပြီး ရိက္ခာသယ်ယူခွင့်မပြုတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေ ရိက္ခာ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်ကူညီသူက ဆက်ပြောပါတယ်။

ကုန်စည်အဝင်လမ်းကြောင်းတွေမရှိတာကြောင့် ဒေသတွင်းရှိနေတဲ့ ကုန်ပစ္စည်းတွေလည်း စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။ တချို့ ဒေသတွေမှာ ဆန်ရိက္ခာတွေပြတ်လပ်တာကြောင့် ဆန်အစား နှံစားပြောင်းတွေကို စားသုံးနေရသူတွေလည်းရှိသလို ထမင်းလျော့စားနေကြရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တချို့နေရာတွေမှာ ဆိုရင် ဆန် အစား ပြောင်းကောက်(နှံစားပြောင်း) တွေ စားရတဲ့နေရာတွေမှာရှိတာပေါ့နော်။ ဥပမာ – နန်းဖဲ ဘောလခဲ တို့ အုပ်စုထဲမှာ ကိုယ်က ဆန် ပို့ဖို့လဲ ခက်တယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကူညီသူတွေအနေနဲ့ကလည်း အလှူရှင်နည်းပါးလာတဲ့အပြင် စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ အခက်အခဲတွေပိုများလာတယ်လို့ ဆိုပါတယ်။ လက်ရှိကရင်နီပြည်မှာ စစ်ဘေးရှောင်ဦးရေ သုံးသိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆိုမြို့နယ်မှာ အများဆုံးရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts