spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကြောင့် နိုင်ငံသားမှတ်ပုံတင် ပျောက်ဆုံးသွားခဲ့သူတွေ မဲပေးခွင့်ဆုံးရှုံးနိုင်

Author

Date

Category

စိုးထိုက်အောင်

ပြည်တွင်းစစ်ကြောင့် စစ်ရှောင်ခဲ့ရတဲ့သူတွေမှာ မှတ်ပုံတင်တွေမရှိဘူးဆိုရင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ဆုံးရှုံးသွားနိုင်တယ်လို့ Lain Technical Support Group (LAIN) နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ကိုကျော်ထင်အောင်က ပြောပါတယ်။

“ကျတော်တို့ ၉၄-၉၅-၉၆ ဒီ ကျတော်တို့ပြည်နယ်ရဲ့ပြည်တွင်းစစ်ကြောင့်မို့လို့စစ်ရှောင့်ခဲ့ရတဲ့သူတွေ၊ ရွာတွေ ၊ အိမ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့သူတွေ အဲ့ဒီကာလတွေမှာ ဒါ ကဒ်တွေဆုံးရှုံးခဲ့မှုတို့၊ ပုံစံ ၁၀တွေဆုံးရှုံးခဲ့ရမှုတို့ရှိပေမဲ့ ဒါတွေကို အခုချိန်ထိ ဒါပြန်ပြီးတော့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ တော်တော်အားနည်းနေသေးတယ်။” လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်း အရ ကယားပြည်နယ်အတွင်းမည်သည့် ကဒ်မျှ မကိုင်ဆောင်ထားသူ ဦးရေ ၂သောင်း နီးပါး ( ၁၉၂၃၈) ရှိနေပြီး ၎င်းတို့က ၂၀၁၅ ရွေးကောက်ပွဲတုန်းက တစ်ကြိမ်မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

ဒီကြားထဲမှာ ဒီလိုမှတ်ပုံတင်မရှိသေးတဲ့သတွေကို မှတ်ပုံတင်လုပ်ပေးခဲ့တဲ့ စီမံချက်တွေမကြားသိရသေးတဲ့အတွက် မှတ်ပုံတင်မရှိသေးတဲ့သူတွေက လာမည့် ၂၀၂၀ မှာ မဲပေးဖို့ အခွင့်အရေး ထပ်မံမဆုံးရှုံးစေချင်ဘူးလို့ ကိုကျော်ထင်အောင်က ဆိုပါတယ်။

မှတ်ပုံတင်မရှိတဲ့သူတွေ တချို့ကတော့ ရွာပုန်း\ ရွာရှောင်တို့၊ ပြည်ထဲရေးမပေါက်တဲ့ရွာတို့ ဒီလို စစ်ဘေးတုန်းက အိမ်ထောင်စု စာရင်းရော၊ မှတ်ပုံတင်ရော မီးထဲပါ ပျက်ဆီးဆုံးရှုံးသွားရတဲ့ လူတွေဘဲ ဖြစ်ကြပါတယ်။

ပြည်နယ်အတွင်း မှတ်ပုံတင် မရှိလို့မဲပေးပိုင်ခွင့် မရတဲ့ ကိစ္စမျိုးကို လုံးဝလက်ခံမှာ မဟုတ်တဲ့အတွက် မှတ်ပုံတင် မရှိတဲ့လူတွေကို မဲပေးပိုင်ခွင့် ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်ဘီထူးက ပြောပါတယ်။

“ ကျတော်တို့ဒီ မဲပေးပိုင်ခွင့် မရှိတဲ့ လူတွေကို အခုလိုမျိုးပေါ့နော် မဲစာရင်းမှာ မပါတဲ့ လူကို ကျတော်တို့ပါတီကတော့ ဆောင်ရွက်ဖို့ရှိတယ်။ စာရင်းပြုစုပေးဖို့ရှိတယ်။ နောက် ဒီ သူတို့သွားတွေ့နိုင်အောင်၊ သူတို့ပုံစံအမျိုးမျိုးပေါ့နော် အပေါ်ကို တင်ပြနိုင်အောင်ပေါ့နော် ကျတော်တို့လုပ်သွားပေးဖို့တော့ ရှိတယ်ပေါ့နော် ဒီပြည်နယ်မှာ မှတ်ပုံတင်မရှိလို့မဲပေးပိုင်ခွင့် မရှိဘူးဆိုတဲ့ ဟာမျိုးကိုတော့ ကျတော်တို့လုံးဝလက်ခံလို့ မရဘူး အဲ့အပေါ်မှာလဲ သူတို့အတွက်ပေါ့နော် ကျတော်တို့ရပ်တည်ပြီးမှတောင်းဆို ပေးသွားလို့ရ်ှိရင်တော့မဲထည့်ခွင့်ရအောင်ပေါ့နော် ကြိုးစားလုပ်ဆောင်ပေးသွားဖို့လဲ ဆန္ဒရှိပါတယ်ဗျာ့။”လို့ ပြောပါတယ်။

၂၀၁၄ သန်းခေါင်းစာရင်းအရ ဘောလခဲခရိုင်အတွင်းမှာဆိုရင် အသက် (၁၈)နှစ်ပြည့်ပြီးသူ ၃သောင်း ၃ထောင်ကျော်မှာ မည်သည့် ကဒ်မှ မကိုင်ဆောင်ထားသူဦးရေက ၄ထောင်၂ရာကျော်အထိ ရှိနေတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေမဲပေးပိုင်ခွင့်ရဖို့အတွက် အခက်အခဲရှိနေတာ တစ်ခါ ကြုံခဲ့ရဖူးပါတယ်။

မှတ်ပုံတင်မရှိသူတွေကို ကြံခိုင်ရေးအစိုးရလက်ထက် မဲပေးပိုင်ခွင့် ကဒ်ပြားတွေ ထုတ်ပေးလိုက်တဲ့ အတွက် ကြောင့် အဆိုပါ လူဦးရေရဲ့အများစုက ဆန္ဒမဲပေးပိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ယနေ့အချိန်ထိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကယားပြည်နယ်၏ ၂၀၂၀ အတွင်းနောက်ဆုံးရ လူဦးရေကို ထုတ်ပြန်ခြင်းမရှိသေးသလို နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲပေးပိုင်ခွင့် လူဦးရေ စာရင်းကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts