spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကျေးရွာထဲ ခြေကုပ် ‌နေရာ ယူထားဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ဘက်သလိန်နဲ့ ဝမ့်လထွား ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ (၁၃) ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး လှုပ်ရှားနေတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF )တပ်ရင်း ၉ နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့ KNDF က ဒီကနေ့ဒီဇင်ဘာလ ၁၆ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

“ စစ်ကောင်စီကတော့ ဒီဘက်သလိန်ကျေးရွာရယ် ၊ ဝမ့်လထွားကျေးရွာတွေမှာတော့ ရှိနေတုန်းပဲ သူတို့ကတော့ အဲဒီမှာ ခြေကုပ်ယူထားတယ်။ ပြီးတော့ ဘေးမှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ခဏခဏဖြစ်တာပေါ့နော်။ သူတို့ကတော့ အရင်ဆုံးဘေးပတ်ဝန်းကျင်က ဒီ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာတွေတော့ ရှိတယ်ပေါ့နော။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပစ်ပြီးတော့မှပဲ အဲဒီရွာတွေကို သူတို့က ဝင်တာပေါ့နော။ ” လို့ KNDFသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အဲဒီကျေးရွာတွေမှာ လက်ရှိ(ဒီဇင်ဘာလ ၁၆) အချိန်ထိ အင်အား (၉၀)ဝန်းကျင်လောက်နဲ့ ခြေကုပ်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျေးရွာတွေအတွင်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိသလို နေအိမ်မီးရှို့ ဖျက်စီးတာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက ကရင်နီပြည်တွင်းမှာရှိတဲ့ မြို့တွေကို ထိန်းချုပ်ချင်တဲ့အတွက် အခုလိုစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်နိုင်တယ်လို့ လို့ KNDFသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အထူးသဖြင့် နန်းဖယ်ခုံတို့ ဒေါကမီးတို့၊ ပူဖားတို့ အဲဒီဘက်မှာတော့ စစ်ကောင်စီတပ်တွေကတော့ ရှိနေတုန်းပဲ ခြေကုပ်ယူထားတုန်းပဲပေါ့နော။ နောက်ပြီးတော့ အခုဒီ ဘက်သလင်ပေါ့နော။ ဒီ ၅မိုင်၊ ၆မိုင်တို့ဘက်ဆိုရင် ဘက်သလင်ပြီးရင် ဒီဝမ့်လထွားဘက်အထိရှိတယ်။ ဆိုတော့ အဲဒီအနားတစ်ခုကတော့ ဒီးမော့ဆိုရယ် ဖရူဆိုမြို့နယ်ကြားကလည်း စစ်ကောင်စီတပ်တွေ ရှိနေတုန်းပဲ တပ်စွဲထားတုန်းပဲပေါ့နော။ ဆိုတော့ သူတို့ကို ကြည့်ရတာက အဓိက ဒီမြို့ ကို သူတို့ထိန်းချုပ်ထားချင်တဲ့ ပုံစံမျိုးပေါ့နော။ ဆိုတော့ လူမရှိရင်တောင်မှ ပြည်သူတွေနေလို့မရဘူး။ ပြည်သူတွေမရှိဘူးဆိုရင်တောင်မှ သူတို့က မြို့ကို သူတို့ပဲ ထိန်းချုပ်ထားချင်တဲ့ ပုံစံမျိုးပဲ လုပ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ ” လို့ သူက ဆက်ပြောပါတယ်။

ဒီဇင်ဘာလ (၁၃)ရက်နေ့ မှာ စံပြ (၆) မိုင်နဲ့ ဘက်သလိန်ကျေးရွာဘက် စစ်ကောင်စီ စစ်ကြောင်းစတင်ထိုးလာတဲ့ အချိန် KNDFတပ်ရင်း ၉နဲ့ ထိတွေ့တိုက်ပွဲ ၃ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး ၃လုံး ကျရောက်ခဲ့ပြီး အရပ်သား တစ်ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

spot_img
spot_img

Recent posts