spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ်က သပိတ်မှာပါဝင်သူရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေမှုတွေရှိနေ

Author

Date

Category

ဖရူဆို သပိတ်မှာ ပါဝင်သူတွေရဲ့ နေအိမ်သုံးအိမ်ကို ဧပြီလ ၂၀ရက်နေ့မှာ စစ်တပ်က ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အင်အား၆၀နီးပါးက ဧပြီလ ၂၀ရက်နေ့ညမှာ မြို့အဝင်တွေမှာကာထားတဲ့ ခြံစည်းရိုးကို ဖျက်စီးပြီး ဖရူဆိုသပိတ်မှာပါဝင်တဲ့ သူတွေရဲ့နေအိမ်သုံးအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

နေအိမ်ပေါ်အထိဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ပြီး သပိတ်မှာပါဝင်သူတွေ နေအိမ်မှာမရှိခဲ့တဲ့အတွက် ပြန်ရောက်ရင် အကြောင်းကြားပေးဖို့မှာကြားပြီး ပြန်သွားတယ်လို့ သိရပါတယ်။

အခုလို ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်တဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။

” စိုးရိမ်တယ်ဆိုတာက တော်တော်လေးကိုစိုးရိမ်ရတယ်ပေါ့နော။ ကျနော်တို့ကို သူတို့ဖမ်းသွားမယ်ဆိုရင် ဖမ်းသွားရုံနဲ့မပြီးဘူးလေ။ ရိုက်ခတ်တာတွေရှိတယ်ပေါ့နော။ အဲ့ဒါကြောင့် ကျနော်တို့ တော်တော်လေးစိုးရိမ်နေရပါတယ်။ လက်ရှိ ဖရူဆိုမြို့ပေါ်ကို ပြန်ဝင်ဖို့အတွက်  တော်တော်လေး အခက်အခဲတွေရှိနေတယ်ပေါ့နော။ “

သပိတ်မှာ ကြွေးကြော်သံတွေ ဦးဆောင်ကြွေးကြော်ပေးတဲ့သူတွေကို အဓိက ရှာဖွေနေတာဖြစ်ပြီး ရပ်ကွက်တွေမှာလည်း အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေရှိတယ်လို့ သိရပါတယ်။

ဧပြီလ ၂၁ရက်နေ့မှာလည်း ဖရူဆိုမြို့ တခြားရပ်ကွက်က အရံအတားအနေနဲ့ ကာထားတဲ့ ခြံစည်းရိုးတွေကို လိုက်ဖျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts