spot_img
Sunday, October 1, 2023
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ ပုံနှိပ်စာအုပ်၊သင်ထောက်ကူပစ္စည်း လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ ပုံနှိပ်စာအုပ်၊ စာရေးကိရိယာ နဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်ရှိနေတယ်လို့ စာသင်ကြားပေးတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

” (၅)တန်းကလေးဆို နှစ်စုံပဲရှိတယ်ပေါ့နော်။ (၅)တန်းကလေး ဆယ်ယောက်ကျော်ကျော်ရှိပေမဲ့လဲ နှစ်စုံပဲရှိတော့ သူတို့တွေ မိန်းကလေးတစ်စုံကြည့်ရတယ် ယောကျာ်လေးတစ်စုံ ကြည့်ရတယ်ပေါ့နော်။ သူတို့တွေဆို အရမ်းခက်ခဲနေတယ်ပေါ့နော။” လို့ အဆိုပါ ဆရာမက သင်ကြားရေးပိုင်းမှာ ကြုံရတဲ့ အခက်အခဲကို ပြောပါတယ်။

စာသင်ကြားရာမှာ လိုအပ်တဲ့ သိပ္ပံပစ္စည်း၊ သံလိုက်အိမ်‌မြှောင်၊‌ ရုပ်ပြပုံများ စတဲ့ သင်ထောက်ကူတွေ မရှိတဲ့အတွက်ကြောင့် တချို့သင်ခန်းစာတွေမှာ အခက်တွေ့ရတယ်လို့လဲ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ပညာရေးနဲ့ပါတ်သက်ပြီး ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ဆရာများသမဂ္ဂ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကျောင်းသားသမဂ္ဂနဲ့ အလှူရှင်တွေက ကူညီဆောင်ရွက်တာရှိပြီး ကျောင်းတွေအကုန်လုံးကိုကူညီ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

” ဒါကလည်း ကျွန်တော်တို့တစ်စုတစ်ဖွဲ့အနေနဲ့ပဲ ကျွန်တော်တို့ကူညီခဲ့တာ မဟုတ်ပါဘူးပေါ့နော်။ကျွန်တော်တို့ ဒီဆရာသမဂ္ဂ၊ မြို့နယ်ပညာရေးဘုတ်တွေ ၊ ပြီးတော့မှ အလှူရှင်တွေနဲ့ ပူပေါင်းဆောင်ရွက်မှုဖြင့် ကျွန်တော်တို့ ကူညီခဲ့တာပေါ့နော်။ ဆိုတော့ ဒါတွေကလည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်နိုင်ခဲ့တဲ့အရာလို့ပဲ ကျွန်တော်တို့ယူဆ‌တယ်ပေါ့နော်။” လို့ အဆိုပါ အဖွဲ့ဝင်က ဆိုပါတယ်။

တစ်ဖက်မှာလည်း ကျောင်းသုံး ပုံနှိပ်စာအုပ်တွေဟာ ဈေးကြီးပေးဝယ်ရတဲ့အတွက်လည်း အခက်အခဲရှိနေပြီး အလှူရှင်တွေ မိဘပြည်သူတွေအနေနဲ့ ပညာရေးဖက်ကို အာရုံစိုက်ပေးဖို့နဲ့ လိုအပ်ချက်တွေကို ကူညီပေးဖို့ သူက တိုက်တွန်းထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ကိုယ်ထူကိုယ်ထကျောင်း စုစုပေါင်း(၁၀၀)ကျော် ရှိပြီး ကျောင်းသူ၊ကျောင်းသားဦးရေ (၁၀၀၀၀) နီးပါးရှိတယ်လို့ သိရပါတယ်။

Recent posts